chapter 40
135 9 0
အခန်း ၄၀: တစ်နေ့ယွမ်တစ်သိန်းရခြင်း!
လူဆိုးမက အရင်တိုင်နေတာမဟုတ်လား?
ချင်လင်က အရည်အသွေး ၂ ငါးကြင်းစိမ်းနှင့်ငါးကြင်းနက်ကို ကားပါကင်ဆီယူလာခဲ့သည်။ မေဘာ့ချ် 62S ကားကိုမြင်သောအခါ လူကြီးမင်းချန်မှာ သူထင်ထားသည်ထက် ပိုချမ်းသာကြောင်းသိလိုက်ရ၏။
ထိုကားမှာ မီလီယံဆယ်ချီတန်ပုံရပြီး ဂျက်မား၏ကားဖြစ်သောကြောင့် အလွန်နာမည်ကြီးလေသည်။ နောက်ပြီး နာမည်ကျော်၊ လူချမ်းသာများစွာက ထိုကားကိုအစီးများကြ၏။
''လူကြီးမင်းချန်... ကျွန်တော်က စံအိမ်ရဲ့သူဌေးပါ... မျိုးရိုးနာမည်က ချင်ပါ'' ချင်လင်က ငါးနှစ်ကောင်ကိုဆွဲ၍ ဒရိုင်ဘာလက်ထဲထည့်ပေးလိုက်သည်_ ''စောစောက ကျွန်တော်တို့အတွက်ပြောပေးလို့ ကျေးဇူးတင်ပါတယ် လူကြီးမင်းချန်... ကျေးဇူးတင်ကြောင်းပြသဖို့ဘာမှမရှိတဲ့အတွက် ဒီငါးနှစ်ကောင်ကိုလက်ခံပေးပါ''
''ဒီတော့ သူဌေးချင်ပေါ့!'' ချန်ရှန်းဖေက ငါးနှစ်ကောင်ကိုအံ့သြစွာကြည့်လိုက်သည်_ ''သူဌေးချင်... ဒီသဘာဝငါးနှစ်ကောင်ကိုပေးတာ အရမ်းစေတနာကောင်းတာပဲ''
သူ့အတွက်တော့ ဘယ်လောက်ပဲစျေးကြီးတဲ့လက်ဆောင်ရရ အံ့သြဖွယ်မဟုတ်ပါချေ။ ဘာပဲဖြစ်ဖြစ် သူကအရမ်းချမ်းသာသည်လေ။ သူ့ထက်ချမ်းသာသောသူ သိပ်များများစားစားမရှိ။ သူများဝယ်နိုင်ရင် သူလည်းဝယ်နိုင်သည်။ သူကပိုတောင်ဝယ်နိုင်သေး၏။
သို့သော် ထိုသဘာဝငါးကြီးနှစ်ကောင်ကိုတော့ တကယ်အံ့သြသည်။ ဤငါးမျိုးမှာရှားပါးပြီး ပိုက်ဆံရှိတိုင်းဝယ်နိုင်သည်မဟုတ်ပေ။
ထို့အပြင် သူကထိုငါးကိုစားဖူးပြီဖြစ်၏။ စောစောကတစ်နပ်စာက သူ့ကိုသက်သောင့်သက်သာဖြစ်စေလေသည်။
ချင်လင်ကပြုံးပြီး ယုံကြည်မှုအပြည့်နှင့်_ ''လူကြီးမင်းချန်... ကျွန်တော့်မှာ ဒီလိုသဘာဝငါးမျိုးကလွဲပြီး တခြားတော့မရှိပါဘူး... အချိန်မရွေးလာခဲ့ပါ... ဘယ်အချိန်လာလာ ဖြည့်ဆည်းပေးနိုင်ပါတယ်''
''သူဌေးချင် ဒါမင်းရဲ့အရည်အချင်းပဲ... မင်းရဲ့စကားနဲ့တင် အချိန်ရှိရင်ထပ်လာခဲ့ဦးမယ်'' ဟု ချန်ရှန်းဖေက စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်သည်။