အခန်း ၄၁: ကြော်ငြာဖို့အတွက် အခွင့်ကောင်း!
ခွင့်မလွှတ်ဘူး!ကျောက်မိုချင်းက ထိုဆဲဆိုနေသံများကြားသည့်အခါ ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။ အကုန်လုံးမှာ အဖြစ်မှန်ကိုမသိဘဲစာရိုက်နေကြသော ကီးဘုတ်ဖိုက်တာအုပ်စုမျှသာဖြစ်၏။ တချို့အသံကမူ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်။
သို့သော်လည်း လှည့်စားထားသည့်အချက်ကို ကီးဘုတ်ဖိုက်တာအတော်များများက အားပေးနေကြ၏။
အဓိကက သူ့ယောက်မကိုတောင်လွှမ်းမိုးထားပြီး တရားမျှတမှုကိုရှာနေသည်။ သူ့ယောက်မက ကီးဘုတ်ဖိုက်တာမဟုတ်မှန်းသိသော်လည်း လူအုပ်အတိုင်းသဘောထားတူနေ၏။ ကီးဘုတ်ဖိုက်တာများစွာရှိပြီး လူတိုင်း၏စကားမှာ ရွှေဖြစ်နေလေသည်။ လူအုပ်နှင့်သဘောတူသူများကလည်း ထိုအကြောင်းကိုလိုင်းပေါ်တင်ကြ၏။
ဤသည်မှာ အင်တာနက်၏ တစ်ခါတရံတွင် ဖုန်းနှင့်ဗီဒီယိုရိုက်နိုင်သူက အရေးပါအရာရောက်သည်ဟူသောအချက်ကြောင့်ပင်ဖြစ်သည်။ လူအတော်များများမှာ ထိုကဲ့သို့'တရားမျှတမှု'မျိုးကြောင့် ပြိုလဲဖို့ဖိအားပေးခံကြရ၏။
စဉ်းစားချင့်ချိန်တတ်သူများက အလောသုံးဆယ်မှတ်ချက်မချတတ်သည်ကို အင်တာနက်က စိတ်ရှုပ်ထွေးအောင်လုပ်ရာလည်းကျသည်။
သူတို့သာ ကျည်ဆန်ကိုအရှိန်သေတဲ့အထိထားလိုက်ရင် ကိစ္စအားလုံးရှင်းသွားပေလိမ့်မည်။ ဤသည်ကအခြေအနေကို တစ်ပတ်လည်အောင်ကာကွယ်ပြီးသားဖြစ်၍ ကိုယ်ရှူးကိုယ်ပတ်သာဖြစ်ပေမည်။
ကျောက်မိုချင်းက ချက်ချင်းဖုန်းထုတ်၍ ချင်လင်ကိုခေါ်လိုက်၏။ သူမက ချင်လင်ကို ဒီသတင်းအကြောင်းပြောပြချင်သည်။
တစ်ဖက်တွင်_
ချင်လင်အိမ်ပြန်ရောက်သောအခါ ရေမိုးချိုးပြီး သူ့အခန်းထဲမဝင်ခင် ဝမ်ချိုင်နှင့်ကစားနေလိုက်သည်။
ဒီနေ့စံအိမ်ကအဖွင့်ကောင်းဖြစ်ခဲ့ပြီး ယွမ်တစ်သိန်းကျော်ရခဲ့၏။ သူ့ကိုယ်ကိုယ်ယုံကြည်မှုလည်းပိုတက်စေသည်။ တက္ကသိုလ်တွင်သူသင်ယူခဲ့သော ခရီးသွားစီမံခန့်ခွဲမှုပညာကနောက်ဆုံးတော့အသုံးတည့်လာခဲ့ပြီဖြစ်၏။
![](https://img.wattpad.com/cover/371264484-288-k703737.jpg)
YOU ARE READING
Fantasiငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...