chapter 16
135 10 0
အခန်း ၁၆: လုပ်ငန်းသစ်! အရည်အသွေး ၂ သဘာဝငါး!
စျေးပြန်ရောက်သောအခါ ချင်လင်ကပြတင်းတံခါးကိုဖွင့်လိုက်သည်။ ခွေးနက်ကဟောင်ပြီး သူ့ခြေထောက်နားပြေးလာကာကြိုဆို၏။
''သွားစို့... မင်းကိုငါ့အိမ်ခေါ်သွားမယ်''
ချင်လင်ကခွေးစာနှစ်အိတ်သယ်ပြီး ခွေးလည်ပတ်ကိုင်ကာ လမ်းလျှောက်ထွက်လာသည်။
''ဝု!'' ခွေးနက်ကနားလည်ပုံနှင့် ကြည့်ရတာစိတ်လှုပ်ရှားနေသည်။
လျှပ်စစ်ဆိုင်ကယ်ဆီရောက်လျှင် ခွေးကလျှပ်စစ်ဆိုင်ကယ်ခြေနင်းခုံတွင်ရုတ်တရက်မတ်တပ်ရပ်လိုက်သည်ကိုမြင်သောအခါ ခွေးကိုသူနှင့်လိုက်လျောညီထွေဖြစ်အောင်ဘယ်လိုလုပ်ရမလဲ၊ ဆိုင်ကယ်ပေါ်ဘယ်လိုတင်ရမလဲဟု စိတ်ပူမိသည်။ သူ့နောက်ခြေကိုဖြောင့်ဖြောင့်ထားပြီး ရှေ့လက်များကို ဆိုင်ကယ်ရှေ့ပိုင်းတွင်တင်ထား၏။ သူ့ကိုမြန်မြန်လုပ်ဟုသတိပေးသလိုလို တအီအီလည်းအော်နေသေးသည်။
အရင်တုန်းကချင်လင် ဗီဒီယိုအတိုလေးများကြည့်ဖူးသည်။ တချို့ခွေးများကိုလူဝင်စားသလိုလိုပြထားသည်မှာ ဖြတ်ညှပ်ကပ်ဟုထင်ခဲ့ဖူး၏။ အခုတော့ တချို့ခွေးတွေက လူဝင်စားသလိုသိတတ်မှန်းလက်ခံလိုက်ပြီ။
လျှပ်စစ်ဆိုင်ကယ်စီးရင်း ချင်လင်က မိသားစုဝင်အသစ်ကိုအိမ်ခေါ်လာခဲ့၏။
''ဝု... ဝု!''
ချင်လင်အိမ်ရောက်ပြီး အိမ်တံခါးသော့ဖွင့်သောအခါ ခွေးနက်က ပို၍မြူးတူးကာဟောင်နေသည်။
''ရှောင်လင်... ဘာလို့ခွေးကိုအိမ်ခေါ်လာတာလဲ?'' လင်းဖန်က အိမ်ထဲဝင်လာတဲ့ခွေးနက်ကိုကြည့်ရင်း သိချင်စိတ်နှင့်မေးလိုက်သည်။
''အမေ... ပြောရရင်တော့ အရှည်ကြီးပဲ...'' ချင်လင်က သူ့မိခင်ကို ခွေးနက်အကြောင်းပြောပြလိုက်သည်။ ''အဲဒါကြောင့် ကျွန်တော်အခုမွေးစားလိုက်တာ''
လင်းဖန်က ချင်လင်ပြောသမျှကိုနားထောင်ပြီးနောက် ငုတ်တုတ်ထိုင်လိုက်ကာ ခွေးနက်ခေါင်းကိုသပ်လိုက်သည်။ ခွေးနက်ကလည်း အလိုက်သင့်ခေါင်းထိုးပေးလိုက်ပြီး လင်းဖန်၏လက်ဖဝါးကိုတောင်လျက်နေ၏။