chapter 39
108 8 0
အခန်း ၃၉: ဖုန်းနှင့်ယုတ္တိရှိမရှိ!
ပတ်ဝန်းကျင်က အမြင်စူးရှတယ်!
ချန်ရှန်းဖေက သက်သောင့်သက်သာခံစားလိုက်ရပြီး မနေနိုင်ဘဲ ရုံးပတီသီးကိုထပ်ယူစားလိုက်သည်။
ဖြည့်စွက်စာဆိုသည်မှာ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာသည့် ကုသနည်းစနစ်တစ်မျိုးပင်။ သူပြောနေတဲ့ဖြည့်စွက်စာက သာမန်လူတွေကြားက အသုံးမဝင်တဲ့အစားအစာတွေတော့ မဟုတ်ဘူးပေါ့။ တရုတ်တိုင်းရင်းဆေးအနွယ်တွေကနေ လက်ဆင့်ကမ်းခဲ့တဲ့ ဖြည့်စွက်စာစစ်စစ်ကိုဆိုလိုခြင်းဖြစ်၏။
အခုလည်း တရုတ်တိုင်းရင်းဆေးလိုင်စင်ရဖို့ အင်္ဂလိပ်စာစာမေးပွဲဖြေဆိုရသေးသည်။ အနောက်တိုင်းဆေးပညာကိုလည်းလေ့လာရ၏။ ဆေးအညွှန်းစာအတော်များများတွင် အနောက်တိုင်းဆေးကိုညွှန်းဖို့ စည်းမျဉ်းများလည်းရှိသည်။ အကြိမ်ရေအတော်များများတွင် ဆေးညွှန်းဖို့သင့်တော်၏မသင့်တော်၏ စာမေးပွဲဖြေထားသူများမှာ အနောက်တိုင်းဆေးပညာကိုပါ လေ့လာရပေလိမ့်မည်။
တဖက်တွင် တချို့စစ်မှန်သော တရုတ်တိုင်းရင်းဆေးအနွယ်ဝင်မိသားစုများကလည်း ရည်မှန်းချက်ကြီးကြသည်။ လက်စွမ်းရှိသော ရိုးရာတရုတ်တိုင်းရင်းဆေးဆရာများမှာ ထိုလက်ဆင့်ကမ်းမှုကိုမခံယူ။ စာမေးပွဲလည်းမဖြေဘဲ သူတို့မိသားစုဝင် (သို့) ရင်းနှီးသောလူများကိုသာ ဆေးစွမ်းပြကြ၏။ အပြင်လူများကိုမူ လက်စွမ်းပြခြင်းမရှိပေ။
အချို့လူများက အသက်မွေးဝမ်းကြောင်းပြောင်းပြီး လက်ဆင့်ကမ်းရရှိသော လျှို့ဝှက်နည်းများကိုသုံးကာ ကိုယ်ပိုင်ဖြည့်စွက်စာစီးပွားရေးလုပ်ငန်းထူထောင်ကြသည်။ ထိုကိစ္စအတွက် အတည်ပြုစစ်ဆေးရန်မလိုပါချေ။
ဤသည်မှာ ဖြည့်စွက်စာအစစ်ဖြစ်သည်။ အမှန်တကယ်အကျိုးရှိသော်လည်း သာမန်လူများမှာ လက်လှမ်းမမီနိုင်ပေ။
ထိပ်တန်းဖြည့်စွက်စာမှာ တချို့အလွှာလူတန်းစားများသာတတ်နိုင်သော အရာတစ်ခုဖြစ်၏။ တစ်နပ်စာတိုင်းကို ယွမ်တစ်သိန်းတွက်ချက်ယူသည်။
ချန်ရှန်းဖေမှာ မင်စီရင်စုတွင် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။ သူကထိပ်တန်းဖြည့်စွက်စာများစားလေ့ရှိသော်လည်း အကျိုးအာနိသင်မှာ ယခုစားနေသောအရာလောက်ပင် သက်ရောက်မှုမရှိချေ။ ဤကဲ့သို့ ကိုယ်ခန္ဓာကိုသက်သောင့်သက်သာဖြစ်စေခြင်းမျိုးမှာ အလွန်ထိရောက်သည်။