chapter 6
136 12 0
အခန်း ၆: တစ်နေ့ ယွမ်တစ်သောင်း!
မြေကွက်(၁၂)ကွက်ရလာပြီးနောက် ချင်လင်ကဂိမ်းဇာတ်ကောင်ကို ဖရဲမျိုးစေ့များထုတ်ကာအပင်စိုက်စေလိုက်သည်။
သို့သော် (၃)ကွက်မျှသာစိုက်ရသေး၊ ရုတ်တရက် အချက်ပေးစာဝင်လာသည်_
''မျိုးစေ့မလုံလောက်ပါ!''
ချင်လင်က သူ့ခေါင်းသူရိုက်လိုက်မိသည်။ ဒါကို သူမေ့နေခဲ့ခြင်း။
ဂိမ်းထဲတွင် သီးနှံစိုက်ရန်မျိုးစေ့များလိုအပ်သည်။
မျိုးစေ့များမှာ အကန့်အသတ်မဲ့ရသည်မဟုတ်။ မျိုးစေ့ကုန်သွားပါက ဂိမ်းထဲမှမျိုးစေ့အရောင်းဆိုင်သွား၍ဝယ်ရ၏။ သို့သော်လည်းသူက ဂိမ်းထဲမှပိုက်ဆံအားလုံးကို အစေ့လွတ်ဖရဲမျိုးစေ့များဝယ်ရန်သုံးလိုက်ပြီဖြစ်လေသည်။
ပုံမှန်ဂိမ်းလည်ပတ်ပုံအရဆိုလျှင် သူက ဂိမ်းထဲမှာဖရဲသီးများကိုရောင်းပြီး ပိုက်ဆံရမည်။ ထိုပိုက်ဆံနှင့် အပင်စိုက်ရမည့်မျိုးစေ့များပြန်ဝယ်ရမည်။
သူ့မှာ စိုက်ပျိုးမွေးမြူရေးခြံဖွံ့ဖြိုးစေရန်အတွက် ရံပုံငွေစုဆောင်းနေဆဲပင်။
ဂိမ်းထဲတွင်ဖရဲပင်စိုက်ပြီး လက်တွေ့ဘဝမှာ ရောင်းချနေမည်ဆိုပါက ဂိမ်းထဲမှဆုံးရှုံးမှုကိုကာနိုင်မည်မဟုတ်ချေ။ ဂိမ်းထဲမှအသစ်ခူးဆွတ်ထားသောဖရဲသီးများကိုမရောင်းလျှင် မျိုးစေ့ဝယ်ယူရန်ငွေထွက်လာပေမည်။
သို့သော် သူကတစ်ခုခုတွေးမိပြန်သည်။ လက်တွေ့အပြင်ကမျိုးစေ့ကိုယူလာပြီး ဂိမ်းထဲမှာစိုက်ရင်ရော?
ချင်လင်က ဟင်းသီးဟင်းရွက်ဆိုင်ကိုပိတ်လိုက်ပြီး ရုံချန်းစီရင်စု၏သီးနှံမျိုးစေ့ရောင်းချရာဆုံရပ်သို့ ထွက်လာခဲ့သည်။ သူဝင်လိုက်သည်နှင့် ကောင်တာတွင်ထိုင်နေသောအမျိုးသမီးက အားတက်သရောပင်_
''မောင်လေး... ကြည့်ကြည့်ပါဦး... ဘယ်မျိုးစေ့တွေဝယ်ချင်တာလဲ?''
''အစေ့လွတ်ဖရဲမျိုးစေ့တွေရှိလားဗျ?''
ချင်လင်က ဆိုင်ထဲတွင်ရှာရင်းဖွေရင်း မေးလိုက်သည်။
ဂိမ်းထဲက ကနဦးမြေကွက်မှာ အသီးအနှံများစွာစိုက်ပျိုးနိုင်သော်လည်း အစေ့လွတ်ဖရဲမျိုးကုန်သွယ်ရောင်းဝယ်ခြင်းမှာ ခေတ်စားကာစဖြစ်၍ သူလည်း အစေ့လွတ်ဖရဲမျိုးသာစိုက်ပျိုးရမည်။