အခန်း ၂၅: စံအိမ်ဝန်ထမ်း! သုံးပွင့်ဆိုင်ဇီးပင် ၁၅၀၀၀ လိုအပ်မှု!
ဤအဆင့် ၃ နယ်မြေတွင်စိုက်သော သက်တန့်ရောင်သဟဇီဝ အဆောင်အယောင်ဇီးပင်မှာ ဘယ်လောက်ဆွဲဆောင်မှုရှိမည်မှန်း ချင်လင်ကောင်းကောင်းသိ၏။
ခမ်းနားမှု +၂၊ အဆောင်အယောင် +၂၊ ဆွဲဆောင်နိုင်ခြင်း +၂။ သူဝင်ဝင်လာချင်းခဏမှာပင် အမြင်ကိုဖမ်းစားထားနိုင်သည်။
ဓာတ်ပုံစားခြင်း +၂ က ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းတို့ကို ပုံထွက်ပိုကောင်းစေလိမ့်မည်။
သူ့အတွက်အသုံးအဝင်ဆုံးဖြစ်မည်မှာ ပြောစရာပင်မလို။
ချင်းလင်စံအိမ်တွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုဖော်ဆောင်မည်ဆိုပါက ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကို ဂိမ်းမှထုတ်ပြီး လက်တွေ့ဘဝတွင်ပြောင်းရွှေ့စိုက်ရပေမည်။
ထိုသက်တန့်ရောင်၊ သဟဇီဝ၊ အဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းပင်များမှာ ရွှေ့ပြောင်းစိုက်ရလွယ်ကူ၏။ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ခြင်း +၂ ရှိသဖြင့် ပြဿနာမရှိပေ။
ချင်လင်က ဂိမ်းထဲမှထွက်လာပြီး သက်တန့်ရောင်သဟဇီဝပန်းကိုရွှေ့ရန် နေရာရှာလိုက်သည်။ သို့သော် သူသန့်စင်ခန်းမှထွက်လာသည်နှင့် တီရှပ်ဖြူနှင့်ဂျင်းပင်ဝတ်ထားသောမိန်းကလေးက သူ့ကိုသတိထားကြည့်နေသည်ကိုတွေ့ရ၏။ ''ရှင်ဘယ်သူလဲ? ဘာလို့ဒီရောက်နေတာလဲ?''
မိန်းကလေးမှာ အထက်တန်းကျောင်းသူနှင့်ပင်တူသေး၏။ ပမွှားလေးပဲဖြစ်ရမည်။
ချင်လင်က အံ့အားသင့်ပြီး_ ''ငါက ဒီနေရာရဲ့ပိုင်ရှင်ပဲ... ဘာလို့ဒီမှာမရှိရမှာလဲ? မင်းကဘယ်သူလဲ?''
''ရှင်ကပိုင်ရှင်အသစ်လား?'' မိန်းကလေးက အံ့သြစွာကြည့်ရင်း_ ''ဒါဆိုအရင်ဝန်ထမ်းတွေကို အလုပ်ဖြုတ်မှာလား?''
''မင်းက ဒီကဝန်ထမ်းလား?'' ချင်လင်က သတိလက်လွတ်မေးလိုက်သည်။
ဒီမိန်းကလေးက မိန်းမငယ်လေးပုံစံပဲ။ အရွယ်ရောက်ပြီလားတောင်မသိ။
YOU ARE READING
Fantasiငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...