chapter 42
95 6 0
အခန်း ၄၂: လူဖန်တီးထားသော အင်တာနက်စနစ်! ကီးဘုတ်ဖိုက်တာအားလုံးက အသုံးချခံတွေ!
ကောဟွိုက်က Dou+ တွင် ယွမ်နှစ်သောင်းပစ်သုံးလိုက်ပြီး ဗီဒီယိုပြန့်သွားအောင် စောင့်နေလိုက်သည်။
မိနစ်အနည်းငယ်အတွင်း like နှင့်မှတ်ချက်များ အလွန်အကျွံတိုးလာကြောင်း သတိထားမိလိုက်သည်။ ထူးထူးခြားခြား like အရေအတွက် ထင်မထားလောက်အောင်တက်လာ၏။ ပရိသတ်ဦးရေလည်း သိသိသာသာတက်လာသည်။
''အကျိုးသက်ရောက်မှုက အံ့သြစရာကောင်းလောက်အောင်ပါပဲလား'' ကော်ဟွေ့မျက်နှာတွင် စိတ်လှုပ်ရှားမှုက အတိုင်းသား။
ဤသည်မှာ နာမည်ကြီးရှာဖွေမှုဖြစ်စေရန် ယွမ် ၂၀၀၀၀ သုံးခြင်း၏စည်းချက်ဖြစ်ဟန်တူသည်။
လင်ချွန်းလန်ကလည်း သူ့ဗီဒီယိုကိုအာရုံစိုက်နေသည်။ like များပိုပိုများလာသည်ကိုတွေ့သောအခါ မနေနိုင်မထိုင်နိုင်မြောက်ကြွကြွဖြစ်လာ၏။
တစ်ဖက်လူက သူမကိုလူတွေအများကြီးရှေ့မှာ အရှက်ရအောင်လုပ်ခဲ့တာ။ သူမကလည်းပြန်ပြီး တစ်ဖက်လူရဲ့အဲဒီစံအိမ် ဆက်ပြီးမလည်ပတ်နိုင်အောင်လုပ်ရမယ်။
သူတို့ဂုဏ်သတင်းပျက်သွားရင် ဘာတွေဖြစ်မလဲ?
တစ်ဖက်တွင်_
ချင်လင်က Dou+ တွင် သူထည့်ထားသော ယွမ်တစ်သောင်း၏အကျိုးကိုကြည့်ရင်း ဟုတ်လှချည်လားဟူသောပုံစံဖြစ်သွား၏။
နာမည်ကျော်လေ ပိုကောင်းလေပေါ့။
ဤကိစ္စနာမည်ကျော်ပြီဟု သေချာသည်နှင့် လက်ရှိသူလုပ်စရာတစ်ခုရှိသေးသည်။ အထိအခိုက်ရှိလိမ့်မည်မဟုတ်ပေ။
သို့သော် ဗီဒီယိုစပေါက်လာသဖြင့် ဖုန်းသုံးလုံးလည်းဝင်လာ၏။ ကောင်းယောင်ယောင်၊ ဆရာလင်းနှင့် ချန်တပေ။
သူက ကောင်းယောင်ယောင်နှင့်ကျန်နှစ်ယောက်ကို နှစ်သိမ့်ပြီးရုံရှိသေး ချင်ရန်၏ဖုန်းဝင်လာပြန်သည်။
သူကလည်း ချင်ရန်ကိုရှာရန်စဉ်းစားနေသဖြင့် ချက်ချင်းကောက်ကိုင်လိုက်၏။