chapter 10
131 13 0
အခန်း ၁၀: တစ်လတစ်သန်း!
မနက်စောစောတွင် ချင်လင်နိုးလာပြီး သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။
ဖရဲခင်း(၂၄)ကွက်နှင့် စတော်ဘယ်ရီခင်း(၆)ကွက်မှာမှည့်နေပြီဖြစ်၏။
သူကဂိမ်းဇာတ်ကောင်ကိုခူးစေပြီး ဖရဲသီးနှင့်စတော်ဘယ်ရီသီးများအားလုံးကို သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထို့နောက် ညိုးခြောက်သွားသော ဖရဲနွယ်နှင့်စတော်ဘယ်ရီနွယ်များကိုရှင်းပြီး ဖရဲမျိုးစေ့၊စတော်ဘယ်ရီမျိုးစေ့များပြန်စိုက်လိုက်သည်။
ဒီနေ့တော့ သူစတော်ဘယ်ရီအနီများကို အစွံထုတ်တော့မည်။
ဂိမ်းမှထုတ်သောစတော်ဘယ်ရီများမှာ အရည်အသွေးကောင်းသဖြင့် မရောင်းရမှာပူစရာမလိုပေ။ နောက်ပြီး RT စျေးတွင်ရောင်းချရလွယ်ကူစေရန်အတွက် လက်ကားစျေးသတ်မှတ်ရန်စဉ်းစားရပေမည်။
ရုံချန်းစီရင်စုတွင် သာမန်စတော်ဘယ်ရီသီးလက်ကားပေါက်စျေးမှာ (၁၅)ယွမ်ဖြစ်သော်လည်း သူ့ဂိမ်းမှထွက်သောစတော်ဘယ်ရီစျေးမှာ ထိုသို့သတ်မှတ်၍မဖြစ်။
ထို့ကြောင့် သူအွန်လိုင်းတက်ပြီး စတော်ဘယ်ရီအနီလက်ကားစျေးကို ခြုံငုံစစ်ဆေးကြည့်လိုက်သည်။
စတော်ဘယ်ရီအနီမျိုးများစွာရှိ၏။ နေရာဒေသကိုလိုက်၍ လက်ကားစျေးမှာပြောင်းလဲနေသည်။ သူက သာမန်စတော်ဘယ်ရီအနီမျိုးကိုကြည့်မနေတော့ဘဲ သာမန်ထက်ကောင်းသည့် စတော်ဘယ်ရီအနီအလုံးကြီးလက်ကားစျေးကိုသာ ရှာဖွေကြည့်လိုက်သည်။
ထိုအထဲတွင် နို့နှစ်ရောင်စတော်ဘယ်ရီအနီမျိုးလက်ကားစျေးမှာ (၅၀၀)ဂရမ်ကို ယွမ်(၃၀)အထိပေါက်နေသည်။ သာ့လျန်တောင်စတော်ဘယ်ရီအနီမျိုးမှာ (၅၀၀)ဂရမ်ကို (၃၆)ယွမ်အထိရှိသည်။ စတော်ဘယ်ရီအနီအချိုမျိုးမှာ (၅၀၀)ဂရမ်ကို (၂၉)ယွမ်ရှိလေသည်...
၄င်းတို့အားလုံးမှာ သာမန်စတော်ဘယ်ရီအနီထက် တစ်ဆင့်မြင့်သည့် အထူးစတော်ဘယ်ရီမျိုးများချည်းပင်။
ထိုစတော်ဘယ်ရီအများစုကို အရင်က သူစားခဲ့ဖူးသည်။ ဂိမ်းအရည်အသွေးက ထိုစတော်ဘယ်ရီများထက်လုံးဝကောင်းသည်။ ထို့ကြောင့် လက်ကားစျေး(၅၀၀)ဂရမ်ကို ယွမ်(၃၀)နှင့်ရောင်းလည်း ကိစ္စမရှိပေ။