58to60
58 6 0
အခန်း ၅၈: လူသိမခံဝံ့သောအတူနေထိုင်ခြင်း? မင်းကချက်ချင်း လှလှပပလေသံပြောင်းသွားတယ်!
ထိုအချိန်တွင်လီကျားဝမ်က ကိစ္စကိုအချောသတ်ရန်ထွက်လိုက်ပြီး_ ''မိုချင်း... အရင်ဆုံးနင်နဲ့ချင်လင်အရင်ပြန်လိုက်ပါလားဟင်? ငါအမေ့ကိုကူပြီးနားချပေးပါ့မယ်''
''အမေ!'' ကျောက်မိုချင်းက ချန်ရှောက်ကိုကြည့်လိုက်သည်။
''မသွားသေးဘူးလား?'' ချန်ရှောက်က ထပ်မာန်လိုက်၏။
သူမက သူတို့နှစ်ဦးကိုခွင့်လွှတ်ထားပြီးပြီ။ ဘာပဲဖြစ်ဖြစ် သူ့သမီးနှင့်သားမက်ပဲလေ။ ရန်သူတွေမဖြစ်ချင်။
သို့သော်သူတို့တိတ်တဆိတ်လက်ထပ်ထားပုံက သူမကိုဒေါသထွက်စေပြန်သည်။
သူမအနှစ် ၂၀ ကျော်ချစ်လာခဲ့ရတဲ့သမီးလေးက သူများအပိုင်ဖြစ်သွားမှန်းတောင် မသိလိုက်ရပေ။
သူမမှာအမေရှိသေးကြောင်းတော့ ပြရပေမည်။ ချင်လင်သိစေရန်လည်းဖြစ်၏။ ဒီနေ့သူ့သမီးကိုမောင်းထုတ်ခဲ့သူက သူမဖြစ်ပြီး သူ့သမီးကသူ့အတွက်ဘယ်လောက်စွန့်လွှတ်ထားရကြောင်း သူသိစေရမည်။
ကျောက်မိုချင်းလည်းလက်လျှော့လိုက်သည်။
သူမမိခင်ကလျှာစောင်းထက်သော်လည်း စိတ်နူးညံ့သည်ကိုသူမသိသည်။ အခုသူမနှင့်အပြိုင်ခေါင်းမမာနိုင်ပေ။ ဘာပဲဖြစ်ဖြစ် နှစ်ရက်လောက်ကြာလျှင်အဆင်ပြေသွားလိမ့်မည်။ ကျောက်မိုချင်းက လက်ဆွဲသေတ္တာနှစ်လုံးကိုအသာအယာဆွဲယူပြီး ချင်လင်ကိုကြည့်လိုက်သည်။
ဤသည်ကိုချင်လင်မြင်လျှင် သူကရှေ့တိုးပြီးကူညီပေးလိုက်၏။
''ဒါကိုယူသွား!'' ချန်ရှောက်ကမတ်တပ်ရပ်လိုက်ပြီး ဘဏ်ကတ်ကိုကျောက်မိုချင်းလက်ထဲထည့်လိုက်သည်_ ''ဒီခန်းဝင်ပစ္စည်းက နင့်ဟာလို့ပြောနေတယ်လေ... နင်သုံးချင်သလိုသုံး''
ချင်လင်ကအောင်မြင်ချမ်းသာနေပြီး သူ့သမီးဒုက္ခရောက်မှာမဟုတ်ဘူးဆိုရင်တောင် မိန်းမသားတစ်ယောက်အနေနဲ့ကိုယ်ပိုင်ပိုက်ဆံရှိတာက ပိုယုံကြည်ချက်ရှိတယ်၊ပိုစိတ်သက်သာမှုရှိတယ်ဆိုတာကို သူမကသိထားလေသည်။