chapter-1
1.9K 68 0
အခန်း ၁: ရုတ်တရက်ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်ခြင်း!
လက်တွေ့ဘဝဆိုတာ အကောင်းတွေချည်းပေးတဲ့ နူးညံ့တဲ့မိန်းမလှလေးဖြစ်နိုင်သလို မရှူနိုင်မကယ်နိုင်အောင်နင်းချေပစ်မယ့် ကြမ်းတမ်းတုတ်ခိုင်တဲ့မိန်းမကြီးလည်း ဖြစ်နိုင်သည်။ ၄င်းမှာ သင့်စုဆောင်းငွေဘယ်လောက်ရှိသလဲအပေါ်တွင် မူတည်၏။
သြဂုတ်လ၏ချစ်ချစ်တောက်ပူသောနေမှာ လူများကိုနေမထိထိုင်မသာဖြစ်စေသည်။
ရုံချန်းစီရင်စုပြည်နယ်အတွင်း _
ပျမ်းမျှအိမ်တန်ဖိုးယွမ်(၁၂၀၀၀)ရှိပြီး ပျမ်းမျှလစာယွမ်(၃-၄၀၀၀)ရကြသည့် လူစည်ကားရာအရပ်တစ်ခုတွင်ဖြစ်သည်။
သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ဆိုင်ငယ်လေးတစ်ဆိုင်တွင် ချင်လင်သည် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးအား သူ့လက်ထဲမှဟင်းရွက်တို့ကို ပြုံးရင်းပေးလိုက်သည်_
''ဒီမှာ အဒေါ့်ရဲ့ဟင်းရွက်တွေ... နောက်လည်း လာအားပေးပါဦးနော်''
ဧည့်သည်များကိုလိုက်ပို့ပြီးနောက် စိတ်ရှုပ်စရာကောင်းသောယင်များကိုကြည့်ပြီး ယင်ယပ်တံနှင့်ကောက်ခတ်လိုက်သည်။
ဖရိုဖရဲတိုက်ပွဲအပြီးတွင် အသေကောင်တချို့ပြုတ်ကျလာ၏။
ချင်လင်သည် ပြန်လည်သန့်စင်ထားသောစားပွဲတွင်ထိုင်လိုက်ပြီး ဖုန်းကောက်ကိုင်ကာ ''စိုက်ပျိုးမွေးမြူရေးခြံပုံပြင်''အမည်ရှိ ရှေးဟောင်းဂိမ်းတစ်ခုကိုဖွင့်လိုက်သည်။
ထိုဂိမ်းမှာ တောင်ယာလုပ်ကိုင်ရင်း ဖွံ့ဖြိုးလာသည့်ဂိမ်းဖြစ်သည်။ အလွန်မြင်သာသဖြင့် နည်းစနစ်များစွာမလိုအပ်။ ဆိုင်ထိုင်စောင့်ရင်း အချိန်ဖြုန်းနိုင်သည်။
သူဘွဲ့ရပြီးတာ တစ်နှစ်ရှိပြီဖြစ်သော်လည်း ဘာမှဖြစ်ထွန်းမလာသည့်အပြင် ခရီးသွားစီမံခန့်ခွဲမှုမေဂျာတစ်ဦးအနေနှင့် ဟင်းသီးဟင်းရွက်များရောင်းနေရသည်။ လက်တွေ့ဘဝက သူ့ကိုရွေးချယ်ခွင့်မပေးပေ။
သူ့မိသားစုက ဆင်းရဲလာသည်မှာ မျိုးဆက်သုံးဆက်ရှိပြီ။ လွန်ခဲ့သောနှစ်အနည်းငယ်က သူ့အဘိုးနာမကျန်းဖြစ်ခဲ့၏။ သူမကွယ်လွန်ခင် သူ့ဖခင်ဖြစ်သူက သူ့အဘိုး၏ဆေးကုသစရိတ်နှင့် မိသားစုအသုံးစရိတ်အတွက် မိုးလင်းမှမိုးချုပ် ဟင်းသီးဟင်းရွက်ရောင်းပြီး ရှာကျွေးခဲ့ရသည်။