chapter 14
124 10 0
အခန်း ၁၄: မြည်းကြည့်ပြီးမှကောင်းမှန်းသိ!
မြို့တော်စီမံခန့်ခွဲရေးက ခွေးဖမ်းဖို့ရောက်လာပြီ!
ချင်လင်ကမတ်တပ်ရပ်ပြီး အညောင်းအညာဆန့်လိုက်သည်။
ဒီအရည်အသွေး ၂ ရုံးပတီသီးတွေက တကယ်အကျိုးရှိတာပင်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျောက်ကပ်ကိုအကျိုးပြုစေသဖြင့် ဆေးအဖြစ်တောင်အသုံးပြုနိုင်သည်။
ထို့နောက် လုပ်ရိုးလုပ်စဉ်အတိုင်း သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်ပြီး ရုံးပတီနှင့်စတော်ဘယ်ရီများခူးကာ မျိုးစေ့ထပ်ချလိုက်သည်။
နံနက်စာစားပြီးလျှင် ချင်လင်ကဂိုဒေါင်ဆီသွားပြီး ထိုရုံးပတီသီးနှင့်စတော်ဘယ်ရီသီးမှည့်တစ်သုတ်ကို RT စျေးသို့ပို့လိုက်သည်။ ထို့နောက် ဆိုင်ပြန်လာပြီးအနားယူလိုက်၏။
ဆိုင်ထဲတွင်ဘာမှမရှိတော့ပေ။ သူက ပက်လက်ကုလားထိုင်တစ်လုံးဝယ်ထားပြီး အလွန်သက်သောင့်သက်သာရှိစွာအနားယူလိုက်သည်။
ညနေပိုင်းတွင် ရုံးပတီသီးနှင့်စတော်ဘယ်ရီများထပ်မှည့်လာ၏။ သူကဂိုဒေါင်ကိုပြန်သွားပြီး ရုံးပတီသီးနှင့်စတော်ဘယ်ရီသီးများကို ဂိမ်းထဲမှထုတ်ကာ RT စျေးသို့ထပ်ပို့လိုက်သည်။
ယနေ့အတွက် စတော်ဘယ်ရီက (၆၀၇)ကတ်တီ၊ ရုံးပတီသီးက (၃၀၅၀)ကတ်တီရှိပြီး ယွမ်(၃၆၅၁၀)ဝင်ငွေရလိုက်သည်။ သူ့လက်ကျန်ငွေမှာ ယွမ်(၂၇၈၇၄၇)ထိဖြစ်လာသည်။
ဤနည်းအတိုင်းဆိုလျှင် နောက်နေ့တွင် ယွမ်(၃)သိန်းကျော်ရတော့မည်ဖြစ်သည်။
သို့သော် ချင်လင်ကစာရင်းယူပြီး မန်နေဂျာချန်နှင့်ရှင်းမည်အပြုတွင် မနေ့ကမိန်းမငယ်လေးနှင့်ထပ်ဆုံပြန်သည်။ သူ့အနားကဖြတ်အသွားတွင် ယောက်ျားတိုင်းသိသောထိုအနံ့လည်းရ၏။
ထိုစဉ်အမျိုးသမီး၏ဖုန်းမြည်လာပြီး သူမကအပြုံးလေးနှင့်ကောက်ကိုင်လိုက်သည်_
''ဟယ်လို ယောက်ျား... ကျွန်မတို့တို့တိတိဝယ်နေတာ... ပြန်ရောက်ရင် ချက်ကျွေးမယ်နော်''
''...'' ချင်လင်ကစိတ်မသက်သာစွာနှင့် သက်ပြင်းသာချနိုင်တော့သည်။