chapter 5
157 17 0
အခန်း၅ ဂိမ်းကိုပုံအပ်၍ကံကြမ္မာဖန်တီးခြင်း!
ချင်လင်က
ဖရဲပင်များပေါ်မှအဖျက်ပိုးများကိုသုတ်သင်ပြီး နောက်
စိုက်ပျိုး မွေးမြူရေးခြံထဲမှ
အခြားအခင်းများကိုလိုက်ကြည့်လိုက်သည်။
လောလောဆယ်စိုက်ခင်း(၆)ကြက္ကို
ဖရဲသီး(၁၀၅)လုံးစိုက်ပျိုးနိုင်သည်။
စိုက်ပျိုးမွေးမြူရေးခြံတစ်ခုလုံးတွင် စိုက်ခင်းမြေမှာ
(၆)ကွက်မကရှိ၏။ မြေကွက်အသစ်များပိုဖွံဖြိုးလာပါကဖရဲသီးများပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်သည်။
ဤဂိမ်းထဲတွင်စိုက်ပျိုးရေးခြံအတွင်း
စုစုပေါင်းမြေကွက်(စုစုပေါင်းမြေကွက်၁၀၀)ရှိလေသည်။သို့သော် ထိုမြေများတွင် ပေါင်းပင်၊ ကျောက်စရစ်၊ သစ်ပင်၊သစ်ငုတ်များရှိ နေပြီး စိုက်ပျိုး၍မရနိုင်ပါ။
ထို့အပြင် ဂိမ်းဇာတ်ကောင်အဆင့်သတ်မှတ်ချက်ကြောင့် တချို့နေရာများမှာမပွင့်သေးဘဲမူန်မိူင်းထား၏။
ဂိမ်းဇာတ်ကောင်က ဆက်လက်စိုက်ပျိုးနေလျှင်
အဆင့်တက်ပြီး
နယ်မြေသစ်များဖွံဖြိုးလာရန်စီစဉ်ထားသည်။ကစားသူက ပေါင်းပင်နှင့်ကျောက်စရစ်များကို ရှင်းလင်းပေးရန်သာလိုသည်။နယ်မြေသစ်ကို ပေါက်ပြားတစ်လက်နှင့်ပြုလုပ်နိုင်၏။
အဓိကအကျဆုံးမှာ
ဇာတ်ကောင်၏အဆင့်တက်လာသည်နှင့်အမျှ
မြေယာများဖွံဖြိုးလာကာ
အဆင့်မြင့်သီးနှံများစိုက်ပျိုးနိုင်ပြီး
လုပ်ငန်းအသစ်များပွင့်လာခြင်းဖြစ်သည်။
ဖွ့ံဖြိုးနိုင်သည့်မြေများတွေ့ခြင်းကြောင့်
ချင်လင်ကဂိမ်းဇာတ်ကောင်ကို
စတိုခန်းမှကရိယာတချို့ယူစေလိုက်သည်။ထို့နောက်
ပေါင်းပင်၊ ကျောက်စရစ်နှင့် သစ်ပင်သစ်ငုတ်များရှင်းရန်လိုသည့်မြေပေါ်သွားလိုက်သည်။စိုက်ခင်း(၆)ကွက်ဖြစ်လာပြီးနောက် ဖရဲမျိုးစေ့များချထားလိုက်၏။
ဤဖရဲစိုင်ခင်း(၆)ကွက်မှာ
မနက်ဖြန်နေ့လယ်တွင်မှည့်လောက်ပြီ။
ဖရဲသီးအလုံး(၁၀၀)မက ထပ်ထွက်လာဦးမည်ဖြစ်သည်။
သို့သော်ချင်လင်က နယ်မြေအသစ်ဆက်မဖောက်သေးဘဲ သူ့ဖုန်းကိုထုတ်ကာ အိမ်ယာအေဂျင်စီတွင် ဂိုဒေါင်ငှားသတင်းများကိုရှာဖွေလိုက်သည်။