အခန်း ၅၂: မထင်မှတ်ထားသော အံ့သြဖွယ်ရာ!
ဗိုက်တာမင် VPP! အိုမင်းခြင်းကိုဆန့်ကျင်ခြင်း?ခန်းမနောက်ကျောဘက်တွင် ကွင်းပြင်ကြီးတစ်ခုရှိသည်။
ချင်လင်ကစာအုပ်တစ်အုပ်ကိုင်ထားပြီး စာအုပ်ပါအကြောင်းအရာအတိုင်း သုံးပွင့်ဆိုင်ဇီးပျိုးပင်ကို ပျိုးထောင်ကြည့်နေ၏။ သူကပန်းအိုးတစ်လုံးနှင့် မြေသြဇာထည့်ခြင်း၊ အပင်ကူးပြောင်းခြင်း၊ အဖုံးအုပ်ခြင်းတို့လုပ်နေသည်...
သူ့နံဘေးတွင် ချန်တပေကလည်း ဖရဲပျိုးပင်များကို ရေဘူးနှင့်ရေလောင်းနေသည်။
''သူဌေး... ဒီဖရဲမျိုးစေ့တွေက တကယ်အပင်ဖြစ်ပါ့မလား? ဆောင်းတောင်ဝင်နေပြီ'' ချန်တပေက ဇဝေဇဝါဖြစ်သော်လည်း သူ့သူဌေးစီမံသည့်အလုပ်မှာ အလွန်အလုပ်ဖြစ်နေဆဲပင်။
ချင်လင်ကပြုံးပြီး နောက်ထပ်ရှင်းမပြတော့ချေ။ သူက သုံးပွင့်ဆိုင်ဇီးကိုင်းကို ပန်းအိုးထဲထိုးလိုက်ပြီး ဘေးနားကရေကရားကိုယူကာ ပန်းအိုးထဲရေလောင်းလိုက်သည်။
ထိုအကိုင်းကို ဂိမ်းထုတ်ကုန်ဖြစ်သော သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပင်မှဖြတ်လာခြင်းဖြစ်၏။ ၄င်းမှာ အရည်အသွေး ၂ ဖရဲမျိုးစေ့စိုက်ထားသလိုပင်။ သူကဂိမ်းထုတ်ကုန်ကိုပျိုးထောင်ပြီးနောက် ဘာဆက်ဖြစ်မလဲသိချင်နေသည်။
ထိုအချိန်တွင်ကောင်းယောင်ယောင်မှာ လူနှစ်ယောက်နှင့်အတူ ရေးကြီးသုတ်ပျာရောက်လာ၏။
ကောင်းယောင်ယောင်က ချင်လင်ကိုမြင်သောအခါ အလျင်စလိုနှင့်_ ''သူဌေး... ဒီလူနှစ်ယောက်က ခရီးသွားဌာနကတဲ့... ရှင့်ကိုတွေ့ချင်လို့တဲ့''
''မင်္ဂလာပါ... ကျုပ်က ချန်လီပါ... ခရီးသွားဌာနရဲ့ညွှန်ကြားရေးမှူးပါ'' ချန်လီက ချင်လင်ကိုမြင်သည်နှင့် သူ့လက်ကိုဆန့်ထုတ်ပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
''ညွှန်ကြားရေးမှူးချန်... ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?'' ချင်လင်ကလက်ဆွဲနှုတ်ဆက်လိုက်ရင်း အံ့အားသင့်နေ၏။
သူ့မှာစာရွက်စာတမ်းအားလုံးပြည့်စုံတယ်ဆိုတော့ ပြဿနာတော့မရှိလောက်ဘူးမလား?
YOU ARE READING
Fantasíaငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...