အခန်း ၂၄: အဆင့် ၃ နယ်မြေ! သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပင်!
နောက်သုံးရက်အတွင်း ချင်လင်က ရုံးနှင့်သက်ဆိုင်သောကိစ္စများပြီးသွား၏။ သို့သော် အခြားသက်ဆိုင်ရာဌာနများက ပြန်လည်ဆန်းစစ်ရန်နှင့်ထောက်ခံချက်ပေးရန်
အချိန်သုံးရက်လိုအပ်သေး၏။
ဒီလောက်ဆိုမြန်နေပါပြီ။ တချို့ပြင်သစ်အိမ်လေလံများတွင် ပြန်လည်ဆန်းစစ်ရန်နှင့်ထောက်ခံချက်ပေးရန်မှာ လပိုင်းမှနှစ်ဝက်ကျော်အထိကြာတတ်သည်ဟု သူကြားဖူးသည်။
လွန်ခဲ့သောသုံးရက်အတွင်း ယွမ်(၁၁၆၀၇၆)ရသည့်အပြင် ဂိမ်းထဲ၌ စိုက်ခင်းအသစ်(၆)ကွက်တွင် ရုံးပတီစိုက်ခြင်း၊ ငါးမျှားခြင်းတို့မှရွှေပြားရသဖြင့် အဆင့် ၃ နယ်မြေကိုမြှင့်တင်နိုင်ခဲ့၏။
ချင်လင်ကချက်ချင်းပင် ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မျိုးစေ့ဆိုင်သို့သွားစေလိုက်သည်။
အဆင့် ၃ နယ်မြေဖွံ့ဖြိုးလာသည်နှင့် အဆင့် ၃ မျိုးစေ့များလည်းဝယ်ယူနိုင်ပြီဖြစ်သည်။
အကြမ်းဖျင်းကြည့်လိုက်သော် လေးထောင့်ပဲများ၊ အတွင်းဝါဘူးသီးများ၊ အစိမ်းရောင်ကီဝီသီးများနှင့် နို့နှစ်စတော်ဘယ်ရီ...
အားလုံးမှာ စျေးထဲက ဟင်းသီးဟင်းရွက်နှင့်သစ်သီးများထဲတွင် အသေးစားအဖိုးတန်ကုန်များဖြစ်ကြ၏။ အပြင်ကအပင်တို့မှာ တစ်ကီလိုကိုရာချီကျလေ့ရှိသည်။
ချင်လင်ကိုအံ့အားသင့်စေသော မျိုးစေ့တစ်မျိုးလည်းရှိသည်။ ထိုမျိုးစေ့၏ရှေ့တွင် ကြယ်ပွင့်ရှိနေ၍ မျက်စိကိုအထူးဖမ်းစားထား၏။
ထိုကြယ်သင်္ကေတကိုအာရုံစိုက်မိသည်နှင့် ဆန်းကြယ်သောရတနာကို ကိုယ်စားပြုထားသည့်မှတ်ချက်ရှိသည်။ ၄င်းမှာအလွန်ရှားပါးပြီး ဆိုင်ထဲတွင်အလှည့်ကျကျပန်းပေါ်လာသော အဆင့် ၃ မျိုးစေ့ဖြစ်၏။
(အစေ့လွတ်ဖရဲမျိုးစေ့ - အရည်အသွေး ၂)
(အထူးစိုက်ပျိုးထားသောမျိုးစေ့ဖြစ်သည်။ အနံ့အရသာကောင်းမွန်အောင် စိုက်ပျိုးထားသောဖရဲသီးဖြစ်၏။ အချိန်ရာသီကန့်သတ်ထားခြင်းမရှိ။ စိုက်ပျိုးချိန်မှာ အလွန်တိုတောင်းသည်။)
YOU ARE READING
Fantasiငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...