chapter 37
101 6 0
အခန်း ၃၇: အံ့အားသင့်နေသော ခရီးသွားများ!
ဒီပန်းပင်လယ်က ငါ့မွေးရပ်မြေမှာလေ!
ချန်ရှန်းဖေမှာ စတော်ဘယ်ရီကိုအထူးမျိုး၊ နိုင်ငံခြားမျိုးအားလုံးစားဖူးသည်ဟု ယုံကြည်ချက်ရှိသော်လည်း တစ်ကတ်တီယွမ် ၂၀၀ တန်ထဲတွင် သူအခုစားနေသော စတော်ဘယ်ရီလောက် ဘယ်စတော်ဘယ်ရီမှမကောင်းပါချေ။
ဤတစ်ကတ်တီယွမ် ၂၀၀ မှာ စျေးသက်သာသည်ဟုထင်ရ၏။
အမှန်တကယ် အရသာရှိပေသည်။
ထိုသို့တွေးမိပြီး စတော်ဘယ်ရီတစ်လုံးပြီးတစ်လုံးကောက်ကာ ပါးစပ်ထဲထည့်လိုက်သည်။
ထိုအချိန်တွင် ငါးမျှားတံလှုပ်နေသည်ကို ချန်ရှန်းဖေသတိထားမိလိုက်၏။ သူကချက်ချင်း ငါးမျှားတံကိုကောက်ကိုင်ကာ ကြိုးကိုဆွဲလိုက်သည်။ ငါးတစ်ကောင်ချက်ချင်းမိသွား၏။
''တကယ်သဘာဝငါးပဲ'' ချန်ရှန်းဖေက အံသြသွားပုံနှင့် အသိအမှတ်ပြုလိုက်သည်။
မကြာမီ နောက်ထပ်ငါးတချို့ထပ်မိပြန်၏။ အားလုံးသဘာဝငါးများချည်းပင်။ ထို့ကြောင့် သူကတဖြည်းဖြည်းနှင့် စားပွဲထိုး၏စကားကို ယုံကြည်စပြုလာသည်။
သို့သော်လည်းသူက ထိုငါးများကိုပြန်လွှတ်ပေးလိုက်၏။ သူကငါးကြီးကြီးမိချင်သောကြောင့်ပင်။
အချိန်ကုန်သည်နှင့်အမျှ စံအိမ်မှာတဖြည်းဖြည်းအသက်ဝင်လာသည်။
လူတွေတစ်သုတ်ပြီးတစ်သုတ် တဖွဲဖွဲရောက်လာကြ၏။ သူတို့အားလုံးမှာ အရှေ့ပိုင်းစီးပွားရေးစျေးကွက်မှ ကြော်ငြာဗီဒီယိုကို စိတ်ဝင်စားသွားခြင်းကြောင့်ဖြစ်လေသည်။
ကောင်းယောင်ယောင်မှာ စားပွဲထိုးနှင့်အတူ ခရီးသွားနှစ်သုတ်ကို ဧည့်ခံပြီးရုံရှိသေး၊ နောက်ထပ်နှစ်သုတ်ထပ်ရောက်လာ၏။
''ခရီးသည်များအားလုံး... ချင်းလင်စံအိမ်မှ ကြိုဆိုပါတယ်...''
ကောင်းယောင်ယောင်က ဧည့်သည်များကို အပြုံးလေးနှင့်ဧည့်ခံပြီး လက်မှတ်ရုံဆီ ခေါ်သွားလိုက်သည်။
ပန်းပင်လယ်၏နောက်ဆုံးသတ်မှတ်စျေးနှုန်းမှာ ယွမ် ၅၀ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ပန်းပင်လယ်ဆောက်ရတဲ့ရည်ရွယ်ချက်က ခရီးသွားတွေကို ဆွဲဆောင်ဖို့ပဲလေ။ ယွမ် ၁၀၀ က များလွန်းသည်။