81to85
548 34 0
အခန်း ၈၁: ချင်းလင်ဆေးဖက်ဝင်ဝိုင်!
နောက်တစ်နေ့တွင် ချင်လင်ကခါတိုင်းလိုပင် သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။ သူကဂိမ်းဇာတ်ကောင်အား သီးနှံမှည့်များခူးစေပြီး မျိုးစေ့အသစ်များချထားလိုက်သည်။
ထို့နောက်သူက ဂိမ်းဇာတ်ကောင်အားတောထဲသွားစေ၍ ယနေ့အသစ်ရရှိသောပျားရည်ကိုသိုလှောင်ခန်းထဲထည့်စေလိုက်သည်။ နောက်ဆုံးဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်ဘက်သွားစေလိုက်၏။
သို့သော် တောင်တန်းထွက်ကုန်မှာ အသစ်ထွက်မလာ။ အချိန်မစေ့သေးလို့လား ဒါမှမဟုတ် တောင်တန်းထွက်ကုန်တွေရဲ့အသစ်ပြန်ပေါ်တဲ့စနစ်ကမတူလို့လားတော့ သူမသိချေ။
ချင်လင်က ဂိမ်းမှအာရုံလွှဲလိုက်ပြီး မျက်နှာသစ်ရန်ထလိုက်သည်။ မနက်စာစားပြီးနောက် ဂိုဒေါင်သို့သွား၍ သီးနှံမှည့်များနှင့်သဘာဝပျားရည်ကို ဂိမ်းထဲမှထုတ်ကာ စံအိမ်သို့တစ်သုတ်ချင်းပို့လိုက်၏။
ချင်လင်ကအလုပ်ပြီးရုံရှိသေး ဖုန်းဝင်လာသည်_ ''ဥက္ကဌချင်... လူကြီးမင်းမှာထားတဲ့ကားနှစ်စီးရောက်ပါပြီ... စာချုပ်စာမှတ်ထိုးပြီး DMV မှာစာရင်းသွင်းဖို့လိုပါတယ်ဗျ''
နောက်ဆုံးတော့ သူမှာထားတဲ့ကားနှစ်စီးရပြီ။ ဒါလုံးဝသတင်းကောင်းပင်။
အခုဂိမ်းထဲကပစ္စည်းတွေပိုထုတ်နိုင်တော့မည်။ ချာတူးလံနေသောသုံးဘီးကားက အချိန်အရမ်းစားသည်။ ရောက်လာသောအပြာရောင်ကုန်ကားနှင့်ဆို အချိန်ကုန်သက်သာတော့မည်။
သို့သော် ဂိမ်းထဲမှပစ္စည်းပိုများလာလျှင် သူရွှေ့ရပိုခက်လာမည်။ သူတစ်ခုခုကြံရပေဦးမည်။
ဘာပဲဖြစ်ဖြစ် သူ့ခံနိုင်ရည်ကလည်း အကန့်အသတ်ရှိသည်။
ဖုန်းချပြီးနောက် သူကကျောက်မိုချင်းကိုဖုန်းခေါ်၍ သူ့ကိုလာကြိုခိုင်းလိုက်သည်။
အခုသူ့ကားရောက်လာပြီဖြစ်၍ သူ့ယောက်ဖ၏ကားကိုပြန်ပေးရတော့မည်။
မကြာမီကျောက်မိုချင်းစံအိမ်ရောက်လာပြီး _ ''ချင်လင်... ဘာလို့အလောတကြီးခေါ်လိုက်တာလဲ?''