အခန်း ၈၆: ဝမ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်!
ချင်လင်၏အိမ်အသစ်တွင် ကျောက်မိုယွင်နှင့်မိသားစုရောက်နေကြသည်။ ချင်တလင်၊ ချင်အာ့ကန်းတို့လည်းရောက်နေကြ၏။ အစက မနေ့ညကလင်းဖန်ဖုန်းဆက်သဖြင့် သူတို့ဇနီးများကိုမနက်စောစောခေါ်လာပြီး ဘာကူညီနိုင်မလဲလာကြည့်ကြခြင်းဖြစ်သည်။ မထင်မှတ်ဘဲ ချင်လင်က အိမ်တက်ပွဲလုပ်ရန်လူခေါ်ခြင်းမဟုတ်ပေ။
လင်းဖန်က ချင်လင်ဆီလျှောက်သွားကာ မေးလိုက်သည်_ ''ချင်ရန်တို့ရော မရောက်သေးဘူးလား?''
ချင်လင်ကရှင်းပြလိုက်၏_ ''တရန်က ဒီကိုလာနေပါပြီ''
''အင်း'' လင်းဖန်ကခေါင်းညိမ့်လိုက်ပြီး တစ်ခုခုသတိရသွားဟန်ဖြင့်_ ''ဒါနဲ့... မင်းဦးလေးတရှန်းလည်း ချင်လုံကိုခေါ်လာခဲ့မယ်တဲ့''
''ချင်လုံ?'' ချင်လင်က ခဏကြောင်သွားပြီး_ ''သူထွက်လာပြီလား?''
လင်းဖန်ကရှင်းပြလိုက်သည်_ ''မှန်ကန်တဲ့လုပ်ရပ်ဆိုရင်တောင် သူကစိတ်ရင်းကောင်းနဲ့အရင်ထွက်ခဲ့တဲ့သူပဲ... တကယ်လို့ ချင်လုံအကူအညီလိုရင် မင်းတတ်နိုင်သလောက်ကူညီပေးလိုက်... မင်းဦးလေးတရှန်းက အရင်ကတို့ကိုကူညီဖူးတယ်''
''နားလည်ပါတယ် အမေ'' ချင်လင်ခေါင်းညိမ့်လိုက်သည်။
ချင်လုံက သူနှင့်ချင်ရန်ထက် ၅ နှစ်ကြီးသည်။ သိပ်အဆက်အစပ်မရှိသော်လည်း ချင်လုံမှာ အလွန်ရိုးသားသောသူဟု သူမြင်သည်။
သို့သော်လည်း ရိုးသားသူကထောင်ထဲဝင်ခဲ့ရ၏။
သူရဲကောင်းက မိန်းမလှလေးကို ဒုက္ခထဲမှကယ်လိုက်သောပုံပြင်နှင့်တူနေလေသည်။
...
ချင်ရန်က ရုံချန်းစီရင်စုပထမတန်းနယ်ထဲမောင်းလာခဲ့သည်။
သူ့ဇနီးလျောင်လီနှင့်မိဘများလည်း ကားထဲပါလာသည်။
......
ချင်ရွှေ့ကန်းက ပတ်ဝန်းကျင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်_ ''ရှောင်လင်ကတော့ တစ်ခုခုပဲ... ဒီလောက်မြန်မြန်နဲ့ သူ့မိသားစုအကြွေးတွေကျေတဲ့အပြင် အိမ်တစ်လုံးတောင်ဝယ်လိုက်ပြီ'' သူကပြောပြောဆိုဆို သူ့သားချင်ရန်ကိုကြည့်လိုက်ကာ ''မင်းတို့ငယ်ငယ်တုန်းက အိမ်အိုကြီးထဲမှာ ဥတွေအတူတူတူးတယ်... မြစ်ကိုအတူတူသွားတယ်... ဘာလို့ရှောင်လင်က အဓိကတက္ကသိုလ်ကိုတက်နိုင်ပြီး မင်းကတတိယတန်းတက္ကသိုလ်ကိုတက်ရတာလဲ?''
YOU ARE READING
Fantasiငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...