chapter 33
126 7 0
အခန်း ၃၃: အတွေ့အကြုံရပြီ! ငါတို့အတူတူ!
နောက်တစ်နေ့တွင်_
ချင်လင်သည် ချင်ရန်ထံမှ ကြော်ငြာဗီဒီယိုနှင့်ဓာတ်ပုံများပြီးပြီဟူသောဖုန်းကိုလက်ခံရလိုက်သည်။
သူက ချင်ရန်၏စတူဒီယိုကိုချက်ချင်းပြေးသွားလိုက်၏။
''လင်ဇီ... မင်းကိုယ်တိုင်ကြည့်ကြည့်ပါဦး... စိတ်တိုင်းမကျရင် ပြန်ပြင်ပေးမယ်'' ချင်ရန်က ကြော်ငြာဗီဒီယိုကို ချင်လင်အားဖွင့်ပြလိုက်သည်။
ချင်လင်က ကြော်ငြာဗီဒီယိုကို အလွန်စိတ်ကျေနပ်နေ၏။ ချင်ရန်တို့စတူဒီယိုက အားစိုက်လုပ်ထားမှန်းသိသာသည်။ သူကချင်ရန်ကိုအခက်မတွေ့စေရန် သူ့လုပ်ဖော်ကိုင်ဖက်များရှေ့တွင်ပင် စတူဒီယိုအတွက်ငွေရှင်းပေးလိုက်သည်။
ဒီကထွက်သည်နှင့် လူသိအောင်လုပ်ရတော့မည်။
ခရီးသွားများကိုမဆွဲဆောင်နိုင်ခင် အရင်ဆုံး ရုံချန်းစီရင်စုဒေသခံတွေ စိတ်ဝင်စားအောင်လုပ်ရပေမည်။
ထို့ကြောင့်သူက RT စျေးသို့ထွက်လာခဲ့၏။
ရုံချန်းစီရင်စုတွင် ကြော်ငြာကို တီဗွီအသံလွှင့်ဌာနမှာမလုပ်ကြပေ။ လူတိုင်းလိုလိုက ရုံချန်းစီရင်စုတီဗွီကိုမကြည့်ကြ။ တစ်နည်းအားဖြင့် ထိုအချိန်တွင်ခေတ်မစားသော ဂြိုလ်တုတီဗွီကို ဘယ်သူမှမကြည့်ကြခြင်းပင်။
သို့သော် ရုံချန်းစီရင်စုတွင် လူအများမြင်သာသော နေရာတစ်ခုတော့ရှိသည်။
၄င်းနေရာမှာ အရှေ့ပိုင်းစီးပွားရေးစျေးကွက်၏ ဟင်းလင်းပြင်ရှိဖန်သားပြင်ကြီးဖြစ်သည်။ ထိုဖန်သားပြင်ကို စျေးကွက်ပထမထပ်ဆံသဆိုင်ကြီးမှ နှစ်ပေါင်းများစွာငှားရမ်းလာခဲ့ပြီး ကုန်စည်မိတ်ဆက်နှင့်ဆံပင်ကြော်ငြာများသာထပ်နေသည်။
အရှေ့ပိုင်းတောင်တန်းစီးပွားရေးစျေးကွက်မှာ ရုံချန်းစီရင်စု၏အလယ်ဗဟိုတွင်ရှိသည်။ ထိုနေရာတွင် စားကြသောက်ကြရန်ဆုံကြ၏။
သူ့ပန်းပင်လယ်ကြော်ငြာဗီဒီယိုကိုသာ တင်နိုင်မည်ဆိုပါက ရုံချန်းစီရင်စုမှလူအတော်များများ သိသွားကြပေလိမ့်မည်။