chapter 20
121 10 0
အခန်း ၂၀: လူပုလေးဆီမှလက်ဆောင်!
ချင်လင်က အခွန်ရုံးထဲဝင်လိုက်သည်။ ထိုအချိန်တွင်ဘယ်သူမှရှိမနေ၍ တန်းစီရန်မလိုချေ။ နောက်ပြီး အများစုက အွန်လိုင်းမှအခွန်ဆောင်ကြ၏။ ဖုန်းတစ်လုံးသာကိုင်ထားရန်လိုသည်။
နယ်မြေအခွန်ရုံးသို့လာ၍ အခွန်ဆောင်ကြသူများမှာ ပထမဆုံးအကြိမ်အခွန်ဆောင်ဖူးသူ (သို့) အခွန်ရုံးမှာဆောင်နေကြဖြစ်သောကြောင့်ပင်။ သူတို့မှာ အွန်လိုင်းအခွန်ဆောင်ရခြင်းကို စိတ်ရှုပ်မခံနိုင်သဖြင့်မလုပ်ကြပေ။ အများစုမှာ အသက်ကြီးသူများဖြစ်ကြ၏။
''လူကြီးမင်း... ကျေးဇူးပြုပြီး ID အချက်အလက်လေးပြပါ... အခွန်ပြေစာထုတ်ဖို့ ကူညီပေးပါ့မယ်'' ပြတင်းပေါက်မှဝန်ထမ်းမှာ လီကျားဟွေ့ဆိုသောမိန်းကလေးဖြစ်သည်။
ချင်လင်က သူ့ ID ကတ်ကိုထုတ်ပြလိုက်သည်။ သူက အခွန်အစီရင်ခံစာကို အွန်လိုင်းမှတင်ပြပြီးဖြစ်၏။ သူ့ ID ကတ်နှင့်ဖြတ်လိုက်လျှင် အခွန်အချက်အလက်များကိုတွေ့ရမည်။
ချန်ဟောက်လည်း အထဲသို့ရောက်လာသည်။
သူက အချက်အလက်ရယူသလိုဟန်ဆောင်ရင်း ကျောက်မိုချင်း၏ယောက်ျားအခွန်ဘယ်လောက်ဆောင်ရသလဲဆိုတာ အဓိကထားကြည့်၏။
ဒါက စိတ်ပိုင်းဆိုင်ရာထူးဆန်းမှုပင်။ သူ့ဂုဏ်သိက္ခာကျဆင်းရမှုအတွက် ရုတ်တရက်မခံမရပ်နိုင်ဖြစ်ခဲ့ရ၍လည်းဖြစ်မည်။
လီကျားဟွေ့က ချင်လင်၏ ID ကတ်ကိုယူလိုက်သည်။ သူမက အခွန်အချက်အလက်ကို ကတ်ဖြတ်၍ယူလိုက်ပြီးလျှင် ပါးစပ်အဟောင်းသားဖြင့်_ ''ဟမ်...''
သူမအံ့သြလည်း အံ့သြလောက်စရာပင်။ ထိုပေါ်မှအချက်အလက်မှာ မယုံနိုင်လောက်စရာ။
သူ့အသက်(၂၃)နှစ်နှင့် တက္ကသိုလ်ကဘွဲ့ရပြီးခါစရှိသေးတယ်မဟုတ်လား? သူက တစ်လကိုယွမ်(၁)သိန်းဝင်ပြီး ယွမ်နှစ်သောင်းကျော်အခွန်ဆောင်နေပြီ။
ရုံချန်းစီရင်စုလိုနေရာမျိုးမှာ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ တစ်နှစ်ယွမ်(၁)သိန်းဝင်တယ်ဆိုရင်ပဲ အတော်ဟုတ်နေပြီ။ တစ်လယွမ်(၁)သိန်းဝင်သောလူမှာ လက်တစ်ဖက်တည်းနှင့်ရေလျှင်တောင်ရ၏။