chapter 36
116 6 0
အခန်း ၃၆: ရှဉ့်များခြံရံ၍ အနမ်းပေးခြင်း! ပထမဆုံးဧည့်သည်!
သူဌေး ဒီရောက်နေတာလား? ချန်တပေက လင်းဖန်နှင့်ကျောက်မိုချင်းအား ခန်းမထဲသို့ချင်လင်ခေါ်လာသည်ကိုမြင်လျှင် သူ့အကျင့်အတိုင်းပင်ရှေ့တိုး၍ ညွှန်ကြားချက်ကိုစောင့်နေသည်။
သူ့သားအား တစ်ယောက်ယောက်က သူဌေးဟုခေါ်သည်ကိုလင်းဖန်ကြားသောအခါ သူမပိုပြုံးလိုက်မိသည်။ ထိုအရာမှာ သူမမျက်စိထဲတွင် သူ့သား၏အောင်မြင်မှုဖြစ်၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။
ရှောင်လင် မြန်မြန်... မိုချင်းကိုခေါ်ပြီး ပန်းပင်လယ်သွားကြည့်ချေ... ငါလမ်းခဏလျှောက်လိုက်ဦးမယ် လင်းဖန်က လူငယ်များကြည်နူးချင်သည်ကိုသိသည်နှင့် သူ့ကိုတိုက်တွန်းလိုက်သည်။
ယခုအချိန်တွင် သူ့သားနှင့်ကျောက်မိုချင်းကိုသာယာစေချင်သဖြင့် သူတို့နှစ်ဦးကိုတွန်းထုတ်လိုက်၏။
ချင်လင်လည်းရှောင်လွှဲမရတော့ဘဲ ကျောက်မိုချင်းကို သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆီခေါ်သွားလိုက်သည်။
ဝင်ပေါက်ရှိလက်မှတ်ရောင်းခန်းတွင် ကောင်းယောင်ယောင်က စားပွဲထိုးတစ်ယောက်နှင့်စီစဉ်နေသည်။
ယနေ့ဖွင့်ပွဲဖြစ်၍ ခရီးသွားများ အချိန်မရွေးရောက်လာနိုင်ပေသည်။
သူဌေး! ကောင်းယောင်ယောင်က ချင်လင်ကိုမြင်သည်နှင့် ချက်ချင်းနှုတ်ဆက်လိုက်သည်။
ချင်လင်က သူတို့ကိုခေါင်းညိမ့်ပြလိုက်ပြီး ကျောက်မိုချင်းလက်ကိုဆွဲကာ ပန်းပင်လယ်ထဲဝင်သွားလိုက်သည်။
မကြာမီ ကျောက်မိုချင်းမှာ ပန်းပင်လယ်မြင်ကွင်း၏ဖမ်းစားခြင်းကိုခံလိုက်ရသည်။
ဒီရှုခင်းကိုကိုယ်တိုင်မြင်ရတော့မှ ကြော်ငြာဗီဒီယိုထက်တောင်လှနေသေး၏။
လမ်းလျှောက်ရင်းလျှောက်ရင်းနှင့် အလယ်သို့ရောက်လာသည်။ အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်နားအရောက်တွင် လိပ်ပြာပျံဝဲနေသည့်လှပသောမြင်ကွင်းကြောင့် ဖုန်းကိုထုတ်ကာ ဓာတ်ပုံများရိုက်လိုက်၏။