အခန်း ၄: ဂိမ်းထဲမှဖရဲသီးများရောင်းခြင်း! ၂
''အစ်ကိုလျို ကျွန်မ(၄)လုံးယူမယ်... အချိိန်ရရင်(၃)လုံးပို့ပေးပါ''
ရှောင်ချန်ကပြောပြောဆိုဆိုပင် ချင်လင်၏ကားပေါ်မှဖရဲသီး(၄)လုံးရွေးလိုက်ပြီး လျိုတရှန်းအားချိန်ကြည့်ရန်ပေးလိုက်သည်။ဖရဲသီး(၄)လုံးစလုံးမှာ (၁၀)ကတ်တီကျော်ပြီး စုစုပေါင်း(၄၇)ကတ်တီရှိ၏။
လျိုတရှန်းက_
''(၄၇)ကတ်တီ (၉၄)ယွမ်ကျတယ်... ရှောင်ချန် မှတ်ထားလိုက်ဦး... ငါအားတဲ့အခါပို့ပေးမယ်''ဟု ပြောလိုက်သည်။''မှတ်ထားစရာမလိုပါဘူး... အစ်ကိုလျိုကိုယုံပြီးသား... ကျွန်မ WeChat ကနေငွေလွှဲလိုက်မယ်''
ရှောင်ချန်ကလက်ကာ၍ သူမဖုန်းကိုထုတ်ကာ လျိုတရှန်းအားငွေလွှဲပေးလိုက်သည်။ရှောင်ချန်ထွက်သွားသောအခါ လျိုတရှန်းက ချင်လင်ကိုခေါ်ပြီး_
''ရှောင်ချင် မင်းအမျိုးရဲ့ဖရဲသီးက တကယ်ကောင်းတာပဲ... ရှောင်ချန်က ဖရဲသီးနဲ့ပတ်သက်ရင် အရမ်းချေးများတာကွ''ချင်လင်လည်း ပျော်မိသည်။ သူက လျိုတရှန်းဆိုင်မှခြင်းတစ်လုံးယူလိုက်ပြီး ဖရဲသီးများကိုနေရာရွှေ့ပေးလိုက်သည်။
လျိုတရှန်းက ဖရဲသီး(၄)လုံးရောင်းထွက်တော့ သူ့ကိုလည်း ယွမ်(၇၀)ပိုရအောင် ကူညီလိုက်သလိုပင်။
အရင်(၅)လုံးအပြင် ချင်လင်က နောက်ထပ်(၂၅)လုံးကိုခြင်းထဲထည့်ပြီး လျိုတရှန်းအား ချိန်ကြည့်ရန်ထုပ်ပေးလိုက်သည်။ စုစုပေါင်း (၂၈၇)ကတ်တီရှိ၏။ ရှောင်ချန်ဝယ်ထားသော (၄၇)ကတ်တီနှင့်ပေါင်းလျှင် (၃၃၄)ကတ်တီဖြစ်သည်။ လက်ကားစျေးမှာ(၁.၅)ယွမ်ဖြစ်သဖြင့် (၅၀၁)ယွမ်ကျ၏။
လျိုတရှန်းကချက်ချင်းပင် ချင်လင်အား WeChat မှစာပို့လိုက်သည်။
ချင်လင်ကလည်း လျိုတရှန်းအား ကုန်ပို့လွှာဖွင့်ပေးလိုက်၏။ ထိုကုန်ပို့လွှာသည် တစ်ဦးချင်းလုပ်ဆောင်ချက်အခွန်ငွေနှင့်သက်ဆိုင်နေသည်။
''အစ်ကိုလျို... လိုအပ်တာရှိရင် ကျွန်တော့်ကိုပြောပါ... ကျွန်တော် ကျန်တဲ့နှစ်ယောက်ကိုဖရဲသီးပို့လိုက်ဦးမယ်''
ချင်လင်၏မျက်နှာမှာ ရွှင်ပျနေသည်။ ဒါနဲ့တင် အရင်ဟင်းသီးဟင်းရွက်ဆိုင်မှာ တစ်နေ့ရောင်းရတဲ့အမြတ်ထက်ပိုနေသည်လေ။
YOU ARE READING
Fantasiငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...