chapter 12
119 11 0
အခန်း ၁၂: တစ်ကတ်တီယွမ်(၂၀၀)တန်မှာ တစ်ကတ်တီယွမ်(၂၀)တန်ကိုမယှဉ်နိုင်!
ချင်လင်က မီးဖိုချောင်ထဲတွင်ပန်းကန်ဆေးနေသော ကျောက်မိုချင်းနှင့်သူ့မိခင်ကိုကြည့်ရင်း ပြုံးလိုက်သည်။
မိုချင်းရောက်လာသည်နှင့် သူ့မိခင်ကပိုပြုံးပြီး စိတ်ပိုကြည်လင်နေလေသည်။
ပိုပြုံးပြီးစိတ်ပိုကြည်တာက သူ့မိခင်၏ကျန်းမာရေးအတွက်လည်းကောင်းသည်။
သူ့မိခင်က မိုချင်းနဲ့လက်ထပ်စေချင်သည်မှာ သိသာသော်လည်း သူ့မိသားစုအခြေအနေက ကူကယ်ရာမဲ့ဖြစ်နေသည်။
ထို့ကြောင့် မိုချင်းကိုအိမ်မခေါ်ရသေးခင် အိမ်လေးတစ်လုံးမြန်မြန်ဝယ်ပြီး သူမမိခင်ရှေ့တွင်လက်ထပ်စာချုပ်ချုပ်ရမည်။
ဒါကလောလောဆယ် သူအဖြစ်ချင်ဆုံးဆန္ဒတစ်ခုဖြစ်မည်။ သူ့တွင်ရည်မှန်းချက်မရှိဟု ဆိုကောင်းဆိုနိုင်ပါသည်။
ဘဝတွင်ရည်မှန်းချက်ထက် ပိုအရေးကြီးသောအရာမှာရှိတတ်စမြဲပင်။
ထိုစိတ်နှင့် ဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ သူက သူ့ဂိမ်းဇာတ်ကောင်ကို အမြင့်ဆုံးမြှင့်တင်ပြီး စတော်ဘယ်ရီအနီများအားလုံးကိုစိုက်ချင်သည်။ သို့ဖြစ်လျှင် တစ်နေ့ယွမ်တစ်သန်းရနိုင်လိမ့်မည်။
ချင်လင် ကျောက်မိုချင်းကိုပြန်ပို့တော့မည့်ဆဲဆဲ လင်းဖန်က အောက်ထပ်လိုက်လာပြီး သတိပေးလိုက်သည်_
''ရှောင်ချင်... မိုချင်းကို ဘေးကင်းကင်းနဲ့အိမ်ရောက်အောင်ပို့ပေးဖို့ မမေ့နဲ့နော်... လမ်းမှာဖြည်းဖြည်းမောင်း...''
''အမေ ကျွန်တော်သိပါတယ်!''
ချင်လင်ကပြုံးရင်းဆိုလိုက်ပြီး ကျောက်မိုချင်းကိုခေါ်ကာ မောင်းထွက်သွားလိုက်သည်။
ကျောက်မိုချင်းက အရှေ့ပိုင်းမြို့တော်၏မင်းယွမ်ပြည်နယ်တွင်နေထိုင်သည်။
ချင်လင်က ၄င်းနယ်ထဲတွင်ဆိုင်ကယ်ရပ်လိုက်သည်။ ပတ်ဝန်းကျင်ကပင် သူအငှားနေသည့်ပြည်နယ်နှင့်မတူ။
ဤပြည်နယ်မှာ ရုံချန်းစီရင်စုထဲတွင် အကောင်းဆုံးပြည်နယ်တစ်ခုဖြစ်၏။ အိမ်စျေးနှုန်းမှာ တစ်မီတာပတ်လည်ကို ယွမ်(၁၄၀၀၀)အထိရှိသည်။အိမ်တစ်လုံးကို မီတာ(၁၂၀)ရှိပြီး ပြန်လည်ပြင်ဆင်စရိတ်က ယွမ်နှစ်သန်းကျမည်။