အခန်း ၁၉: ဘဝတွင် ပထမဆုံးအခွန်ဆောင်ဖူးခြင်း!
သေအောင်ရိုက်လျှင်တောင် မယုံနိုင်!ညပိုင်းတွင်_
ညစာစားပြီးနောက် ချင်လင်က ဝမ်ချိုင်နှင့်ခဏကစားလိုက်သည်။ မွေးစားပြီးနောက် ခွေးကသူ့ကိုနည်းနည်းတွယ်ကပ်လာ၏။ အခြားသူများကို ဘယ်လိုစိတ်ကျေနပ်အောင်လုပ်ရမလဲ သူသိသည်။ သူတို့ကိုရွှန်းလဲ့သော မျက်လုံးများနှင့်ကြည့်ပြီး သူတို့ခြေထောက်ကို သူ့ခေါင်းနှင့်အသာအယာပွတ်ပေးတတ်၏။ မည်သူမဆိုမနေနိုင်ဘဲ သူ့ခေါင်းကို လှမ်း၍ပွတ်သပ်မိကြသည်ချည်း။
အခန်းထဲရောက်သော် စတော်ဘယ်ရီနှင့်ရုံးပတီပျိုးပင်များမှာ နည်းနည်းခြောက်သွေ့နေသဖြင့် ရေလောင်းရန်လိုအပ်နေသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကို ရေပုံးရေပန်းနှင့် စတော်ဘယ်ရီနှင့်ရုံးပတီပျိုးပင်များကို ရေလောင်းစေလိုက်သည်။ ထို့နောက် Wechat တွင် ကျောက်မိုချင်းနှင့်စကားပြောကြ၏။
ဤသို့ဖြင့် နှစ်ရက်ကုန်လွန်သွားသည်။
နံနက်စောစောတွင် ချင်လင်က စတော်ဘယ်ရီနှင့်ရုံးပတီသီးမှည့်များကို စူပါမားကတ်သို့ပို့လိုက်သည်။ စျေးထဲမှဆိုင်သို့ပြန်ရောက်သောအခါ ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်လိုက်သည်။
သစ်သီးနှင့်ဟင်းသီးဟင်းရွက်ဆိုင်အတွက် အခွန်ငွေအစီရင်ခံရန် အချိန်ကျပြီဖြစ်ခြင်းကြောင့်ပင်။
အခွန်ငွေအစီရင်ခံခြင်းမှာ အခွန်ငွေဆောင်ခြင်းနှင့်မတူပေ။ ကုမ္ပဏီဖြစ်စေ သီးသန့်လုပ်ငန်းရှင်ဖြစ်စေ အခွန်ငွေဆောင်ရန်မလိုသော်လည်း အခွန်ငွေအစီရင်ခံရသည်။
အခွန်ငွေအစီရင်ခံခြင်းမှာ လုပ်ငန်းလုပ်ဆောင်ချက်အခြေအနေ၊ ဝင်ငွေအသုံးစရိတ် စသည်တို့ကို အခွန်ကြီးကြပ်ဌာနသို့ အစီရင်ခံရခြင်းဖြစ်၏။ ဝင်ငွေ(သို့)အခွန်ဆောင်နိုင်သည့်အခြေအနေမရှိလျှင် အခွန်ဆောင်ရန်မလိုပေ။
သစ်သီးဆိုင်ကိုအမွေဆက်ခံထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း အခွန်ဆောင်ခြင်းမှာ ချင်လင်နှင့်လားလားမှမသက်ဆိုင်ပါချေ။
![](https://img.wattpad.com/cover/371264484-288-k703737.jpg)
YOU ARE READING
Fantasyငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...