chapter 26
121 6 0
အခန်း ၂၆: ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်က တန်ဖိုးကြီးတယ်ဟုတ်? အကြွေးပြန်ဆပ်!
နောက်တစ်နေ့တွင်_
ချင်လင်အိပ်ရာမှနိုးလာသောအခါ ဝမ်ချိုင်ကခါတိုင်းလိုပင် သူပွတ်သပ်ရမည့်အရာကို လည်ပင်းဆန့်မျှော်နေသကဲ့သို့ တံခါးအပြင်ဘက်တွင်ဆောင့်ကြောင့်ထိုင်နေ၏။
လင်းဖန်က သူ့အတွက်မနက်စာပြင်ဆင်ထား၏။
ရှောင်လင် ဘာလို့အခုတလောထူးဆန်းနေတာလဲ? ငါမနေ့ကဆိုင်သွားကြည့်တော့ ပိတ်ထားတယ်
အမေ အရင်ကကျွန်တော် လက်ကားအရောင်းအဝယ်လုပ်နေတယ်လို့ ပြောဖူးတယ်လေ အခုတလော စံအိမ်ဆောက်ပြီး လုပ်ငန်းတွေကိုင်တွယ်နေတယ် နောက်နေ့ကစပြီး ကျွန်တော်အလုပ်တွေပိုများလာတော့မှာ'
ချင်လင်က ဘာမှထိန်ချန်မထားတော့။ သူ့အမေက အနှေးနဲ့အမြန်သိသွားမှာပဲလေ။
ရှောင်လင် မင်းဘာပဲလုပ်ချင်ချင် ငါအားပေးတယ် စံအိမ်လုပ်လို့အဆင်မပြေရင်လည်း ဆိုင်ဆက်ဖွင့်လို့ရတယ် တကယ်အလုပ်မဖြစ်ဘူးဆိုရင် ငါ့အထင် ဆိုင်ကတော့ဆက်ပြီးဖွင့်လို့ရပါတယ်'
လင်းဖန်က သူ့သားရည်မှန်းချက်ကြီးမှန်းသိ၏။ သူ့မိသားစုက သူ့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသဖြင့် သူ့ဆန္ဒကိုအားပေးရုံသာတတ်နိုင်လေသည်။
သူ့သားပြောနေတဲ့စံအိမ်ဆိုတာ ယွမ်(၃)သောင်း (၄)သောင်းတန်လယ်ကွင်းကိုငှားပြီး အလှဆင်ဖို့ပဲ ဟုတ်တယ်မလား?
ပြီးတော့သူ့သားမှာ စုဆောင်းငွေလည်းသိပ်မရှိဘူးလေ။
သူမစိုးရိမ်နေတာလည်း ဒါပဲ။ လူအတော်များများက ဒါကိုလုပ်ပြီး ကြာကြာခံကြမည်မဟုတ်ပေ။
အမေ ကောင်းကောင်းအနားယူပါ ကျွန်တော့်အတွက်မစိုးရိမ်ပါနဲ့'
အခုတော့ချင်လင်မှာ ယုံကြည်ချက်အပြည့်ရှိ၏။ သူကစံအိမ်ကို အောင်မြင်အောင်လုပ်နိုင်မည်ဟု ယုံကြည်ထားသည်။
မနက်စာစားပြီးနောက် ဝမ်ချိုင်က သူနှင့်အပြင်လိုက်ရန်ဟန်ပြင်၏။
ချင်လင်က မနက်ပိုင်းမှည့်သည့်ရုံးပတီသီးများကို RT စျေးသို့ပို့လိုက်သည်။ နေ့လယ်ပိုင်းရောက်သော် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်တွင် မြေကွက် ၆ ကွက်မှ သုံးပွင့်ဆိုင်ဇီးပန်းများပွင့်ပြီဖြစ်ကြောင်း အသိပေးစာရလိုက်၏။