chapter51
95 6 0
အခန်း ၅၁: ချင်လင်ဆန်? ခရီးသွားဌာနမှလူတစ်ဦး!
ရှန်းရွှေလက်ဆောင်ဆန်မှာ တစ်ကတ်တီ ယွမ် ၅၀၀ ကျသည်သာမက တော်ဝင်နန်းသုံးလည်းဖြစ်၏။ သို့သော် မြေအနေအထားပတ်ဝန်းကျင်ရွေးလွန်း၍ တစ်နှစ်ပတ်လုံးအထွက်နှုန်းအများကြီးမရှိပေ။ လူချမ်းသာများပင် ဝယ်၍မရနိုင်။
ရှန်းရွှေလက်ဆောင်ဆန်အစစ်ကို ခံတပ်စောင့်ကြပ်သည်ဟု ချဲ့ကားပြောကြသည်ကိုပင် သူကြားဖူးသည်။ စပါးရိတ်သိမ်းပြီးသည်နှင့် မြို့တော်သို့တန်းပို့ရလေသည်။ ပြင်ပတွင်အနည်းငယ်သာ ကျန်ရစ်သည်။
အပြင်လူတွေက ချဲ့ကားပြောသည်ဟုပင်မသိကြချေ။ သာမန်လူများမှာ မစားနိုင်သလို ဘာကြောင့်အဲဒီလောက်စျေးကြီးမှန်းလည်း မသိကြ။
ရှန်းရွှေလက်ဆောက်ဆန်မျိုးစေ့ကို တစ်နေရာရာမှာစိုက်ပြီး မစမ်းသပ်ရသေး၍မဟုတ်။ မရှင်တာ မဟုတ်လျှင် အရသာ၊ ဆန်သားနှင့် အာဟာရတန်ဖိုးတို့မှာ ကွာခြားလွန်း၍ဖြစ်သည်။
စျေးနှုန်းမှာ တစ်ကတ်တီ ယွမ် ၅၀၀ ဖြစ်၏။ စင်စစ်စျေးနှုန်းမှာ ထိုထက်ပိုမြင့်ပြီးဖြစ်လေသည်။ ထိုဆန်ကို တစ်ကတ်တီ ယွမ် ၅၀၀ နှင့်ဝယ်ရဖို့မဖြစ်နိုင်ချေ။
လွန်ခဲ့သော ၁၇ နှစ်က ဂျက်မားတွင်နည်းလမ်းတချို့ရှိခဲ့သည်။ သူက ရှန်းရွှေလက်ဆောင်ဆန်ဖြည့်ထားသောဝိုင်ခွက်လေးများ အရောင်းအဝယ်သုံးခါဖြစ်ခဲ့၏။ အရောင်းအဝယ်တစ်ခုတစ်ခုကို ယွမ်တစ်သောင်းကျော်ကျလေသည်။
ချင်လင်ကသူ့ဂိမ်းထဲတွင် ဒီလိုဆန်မျိုးစိုက်မည်မထင်ထားပေ။ ဂိမ်းထုတ်ကုန်များတွင် အထူးအရည်အသွေးရှိသည်။ သူကဒီဆန်ကို သာမန်ရှန်းရွှေလက်ဆောင်ဆန်နှင့် ယှဉ်ကြည့်ချင်နေ၏။
သူက ရှန်းရွှေလက်ဆောင်ဆန်ကိုတန်းဝယ်လိုက်ပြီး ဂိမ်းဇာတ်ကောင်ကို လယ်ကွက်ထဲတွင်စိုက်စေလိုက်သည်။ ဂိမ်းဖြစ်သောကြောင့် စိုက်ရသည်မှာရိုးရှင်း၏။
ထို့နောက်သူက ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ကို ထပ်ကြည့်လိုက်သည်။
(ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့: အရည်အသွေး ၁)
(အထူးဆန်မျိုးစေ့ဖြစ်သည်။ ကြာရှည်သုတေသနပြုပြီးနောက် တသမတ်တည်းကောင်းလာသော အထူးအမျိုးအစားဖြစ်သည်။ အပင်စိုက်ပြီးလျှင် ရှန်းရွှေလက်ဆောင်ဆန်ကို ရိတ်သိမ်းနိုင်သည်! ဂိမ်းမှထူးကဲဖန်တီးထား၍ ရာသီမရွေးစိုက်ပျိုးနိုင်သည်။ မျိုးပြောင်းလဲနိုင်သည်။ ပတ်ဝန်းကျင်အခြေအနေလိုက်၍ ပြောင်းလဲနိုင်သည်။
(ကန့်သတ်ချက်: ဂိမ်းမျိုးစေ့)