အခန်း ၁၃: အရည်အသွေး ၂ ရုံးပတီသီး၊ ယောက်ျားတို့ကျမ်း!
မနက်စောစောနိုးလာသောအခါ ဂိမ်းထဲမှစတော်ဘယ်ရီနှင့် ရုံးပတီသီးများမှည့်နေပြီဖြစ်သည်။ အနီနှင့်အစိမ်းက မြေပြင်တွင်ချယ်မှုန်းထား၏။
ချင်လင်က ဂိမ်းဇာတ်ကောင်ကိုချက်ချင်းခူးစေပြီး သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထို့နောက် အတွေးတစ်ချက်နှင့်ဂိမ်းထဲဝင်လိုက်သည်။
သိုလှောင်ခန်းထဲတွင် သီးနှံနှစ်မျိုးကို ပိုင်းခြားထားသည်။
စတော်ဘယ်ရီ: ၃၀၂ ကတ်တီ (အရည်အသွေး ၁)
စတော်ဘယ်ရီ: ၂ ကတ်တီ (အရည်အသွေး ၂)
ယခင်ကနှင့် သိပ်ကွာခြားမှုမရှိပေ။
ရုံးပတီသီး: ၁၅၀၀ ကတ်တီ (အရည်အသွေး ၁)
ရုံးပတီသီး: ၄ ကတ်တီ (အရည်အသွေး ၂)
တစ်နည်းဆိုရလျှင် စိုက်ခင်းတစ်ကွက်စီမှ ပျမ်းမျှအားဖြင့် ရုံးပတီသီး(၆၀)ကတ်တီနှင့်အထက် ရရှိပေသည်။ လက်ကားစျေး(၆)ယွမ်နှင့်ရောင်းပါက ဤတစ်သုတ်ကယွမ်(၉၀၀၀)ရလိမ့်မည်။
ဤသည်ကပင် ဖရဲသီးနှစ်သုတ်ဝင်ငွေထက် ပိုများနေပြီဖြစ်၏။
ချင်လင်က အရည်အသွေး ၁ နှင့် ၂ ရုံးပတီသီးများကိုတဖန်ကောက်ကိုင်လိုက်သည်။ အရည်အသွေး ၂ ရုံးပတီသီးက သိသိသာသာအရောင်ပိုရင့်ပြီး ပိုလည်းကြီးသည်။
နောက်ပြီး မှတ်ချက်ကိုလည်း သူမြင်နိုင်သေးသည်:
(ရုံးပတီသီး: အရည်အသွေး ၁)
(ရုံးပတီသီးမှာ အထူးသီးနှံတစ်မျိုးဖြစ်သည်။ ဆေးဘက်ဝင်အာနိသင်လည်းရှိသည်။ နို့ထွက်ကောင်းစေခြင်း +၁၊ ချောမွေ့ရန်စစ်ထုတ်ပေးခြင်း +၁၊ ကျောက်ကပ်အားကောင်းစေခြင်း +၁)
(ရုံးပတီသီး: အရည်အသွေး ၂)
(အရည်အသွေးမြင့်ရုံးပတီသီးဖြစ်သည်။ ဆေးဘက်ဝင်အာနိသင်ရှိပြီး အကျိုးထိရောက်မှုအားကောင်းသည်။ ကျောက်ကပ်ကိုအားကောင်းစေပြီး ခန္ဓာကိုယ်ကိုအာဟာရဖြစ်စေသည်။
နို့ထွက်ကောင်းစေခြင်း +၊၂ ချောမွေ့ရန်စစ်ထုတ်ပေးခြင်း +၊၂ ကျောက်ကပ်အားကောင်းစေခြင်း +၂)
YOU ARE READING
Фэнтезиငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...