chapter 11
124 12 0
အခန်း ၁၁: တကယ့်ဖော်လံဖား! ဒါစတော်ဘယ်ရီအစစ်လား?
ချင်လင် စူပါမားကတ်သို့စတော်ဘယ်ရီအနီများပို့ပြီးသည်နှင့် မိုးရွာချလာသည်။
မိုးရွာစအချိန်မှာ စျေးမှပြန်ရောက်ပြီး မွန်းလွဲချိန်တွင်ဖြစ်၏။
ဆိုင်ပေါက်ဝရောက်သောအခါ ခွေးနက်က သူ့ဆိုင်အပြင်ဘက်တွင် မိုးခိုရင်းဝပ်နေသည်။ တစ်ကိုယ်လုံးရွှဲရွှဲစိုနေပြီး သူ့ကိုယ်ပေါ်မှမိုးရေများကိုလျှာနှင့်သပ်နေ၏။
ဒီခွေးနက်က တဖြည်းဖြည်းနှင့်ပိုပြီးရောင့်တက်လာသည်။
သူ့ကိုမောင်းမထုတ်မိတာ ဆယ်ရက်လောက်ရှိလာတော့ ဒီမှာအခြေချချင်နေပြီ။
''ဝု!'' ခွေးနက်က ချင်လင်ကိုမြင်သည်နှင့် မတ်တပ်ရပ်ပြီးပြုံးဖြဲဖြဲလုပ်ပြသည်။
ချင်လင်က ခွေးနက်ကို ဂရုမစိုက်ချင်ယောင်ဆောင်လိုက်ပြီး ဆိုင်တံခါးဖွင့်ကာဝင်လိုက်သည်။ အချိန်အတော်ကြာကြာအလုပ်လုပ်ပြီးနောက် ဝမ်းဟာသွား၏။ သူကဖုန်းထုတ်ပြီး ပါဆယ်မှာစားရန်ဆုံးဖြတ်လိုက်သည်။
ကြက်ရိုးနှစ်ချောင်း၊ ကြက်ဥကြော်နှစ်လုံးနှင့်။ အခုတော့ သူဒါမျိုးတွေ စားနိုင်သောက်နိုင်ဖြစ်သွားပြီ။
ငွေရှင်းမည်အပြုတွင် သူက ကုတ်ချောင်းကုတ်ချောင်းနှင့် ဆိုင်ထဲဝင်လိုက်ထွက်လိုက်လုပ်နေသော ခွေးနက်ကိုတစ်ချက်ကြည့်လိုက်သည်။ ဒီကောင်က သူ့အကြည့်ကိုသတိထားမိသည်နှင့် ကုတ်ချောင်းချောင်းဝင်လာကာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ကိုစိုက်ကြည့်နေ၏။
ချင်လင်ကငွေမရှင်းခင် ကြက်ရိုးကြီးတစ်ချောင်းထပ်ထည့်လိုက်လေသည်။
ဒီခွေးနက်က နေ့တိုင်းသူ့နားမှာတဝဲလည်လည်လုပ်နေပြီး သူ့ကိုတမူထူးခြားစေပြန်သည်။
လူသားတွေကိုက ဒီလိုရှုပ်ထွေးတဲ့သတ္တဝါမျိုး။
အမျိုးသမီးတစ်ဦးက ဖော်လံဖားတစ်ဦးနှင့်ဆုံသကဲ့သို့ပင်။ သူမ မနှစ်သက်သော်လည်း အသားကျလာသောအခါ ဖားခွင့်ရှိသည်ဟုသဘောထားလာမည်။ ထိုဖော်လံဖားက မဖားမယားတော့လျှင်တောင် ကိုယ်ရေးကိုယ်တာအမြတ်အရှုံးရှိမရှိ စိုးရိမ်မိပေလိမ့်မည်။