chapter 21
118 9 0
အခန်း ၂၁: တန်ဖိုးကြီးအဆောင်အယောင်ငါး!
တခဏချင်း သန်းကြွယ်သူဌေးဖြစ်လာခြင်း!
သဘာဝကျားဖြူ?
ချင်လင်က သဘာဝကကတစ်၊ ငါးကြင်းစိမ်းနဲ့ ငါးကြင်းနက်ပဲသိသည်။
အဆောင်အယောင်ငါးဆိုတာကို သူတကယ်နားမလည်။
အခြားသူများက တန်ဖိုးကြီးအဆောင်အယောင်ငါးကို အသေးစိတ်ချီးကျူးတတ်ကြသည်ကိုမြင်တိုင်း ပထမဆုံးသူတွေးမိသည်မှာ ထိုငါးကိုပေါင်းစား၊ကြော်လှော်စားလျှင် ဘယ်လိုအရသာရှိမလဲ?
ထိုသူများကိုအတွေးခေါင်သည်ဟုပင် ထင်မိသည်။
သို့သော် အခုတော့ ဒီလိုတန်ဖိုးကြီးသောသဘာဝအဆောင်အယောင်ငါးကိုရလာပြီဖြစ်၍ သူ့ဖုန်းထုတ်ပြီး အွန်လိုင်းတွင်ရှာကြည့်လိုက်၏။
ကျားဖြူမှာ ထိပ်တန်းအင်ဒိုနီးရှားကျားအမျိုးအစားဖြစ်သည်။ ၄င်းတွင် တလက်လက်တောက်နေသော ဖြူညိုညိုအရောင်နှင့် အလွန်လှပသောအသွင်သဏ္ဍန်ရှိ၏။
ထိုအထဲတွင် သဘာဝမျိုးများမှာအလွန်ရှားပါး၍ ကံကောင်းမှသာတွေ့နိုင်ကြ၏။ မပြင်မဆင် မခွဲမစိတ် မိတ်ကပ်မလိမ်းထားသော မိန်းမလှလေးကိုတွေ့လိုက်ရသလိုပင်။ အမှန်တကယ်ပင် ဘာမှမလိမ်းထားဘဲ သဘာဝအတိုင်းလှသူများရှိကြ၏။
ဒါက အရေးကြီးသည်တော့မဟုတ်ပေ။ သဘာဝကျားဖြူ၏စျေးနှုန်းကိုတွေ့လျှင် ချင်လင်အံ့သြမှင်တက်သွားသည်။
ဒီလိုငါးက ယွမ်(၆)သိန်းနဲ့ရောင်းလို့ရသတဲ့လား? BMW 5 စီးရီးကားစျေးလောက်ရှိလား?
သူ့လိုသာမန်လူအတွက်တော့ ငါးတစ်ကောင်က BMW 5 စီးရီးနဲ့အတူတူဆိုတာ စဉ်းစား၍ပင်မရချေ။
ပိုအရေးကြီးတာက ဒီလိုငါးမျိုးကို အခုထိတန်ဖိုးမဖြတ်နိုင်ဘူးလား? ပေါ်လာသမျှငါးတွေကို ငါးကျွန်တွေက လုယူကြလိမ့်မည်။ ဒါက ပိုက်ဆံရှိပြီး ထားစရာမရှိတဲ့လူတွေများနေတယ်ဆိုသည့်သဘောပင်။
ချင်လင်က မယုံတဝက်နှင့်ဂိမ်းထဲဝင်လာပြီး လူပုလေးကပေးခဲ့သောငါးကိုကြည့်လိုက်သည်။ ဒီငါးကတကယ်ပဲ ဒီလောက်တောင်တန်သတဲ့လား?