chapter 23
196 15 0
အခန်း ၂၃: စံအိမ်လက်ဝယ်ရရှိခြင်း! သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်!
ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကို ချက်ချင်းကြည့်လိုက်သည်။
သူ့ဂိမ်းဇာတ်ကောင်က အဆင့်ထပ်တက်သွားပြီ။ သူရလိုက်သောအသိပေးစာမှာ အဆင့် ၁ နယ်မြေထပ်ပြီးတိုးချဲ့နိုင်ကြောင်းနှင့် အဆင့် ၃ နယ်မြေသို့မြှင့်တင်နိုင်ကြောင်းဖြစ်၏။
အဆင့် ၃ နယ်မြေမှာ ပိုတန်ဖိုးကြီးသောသီးနှံများ စိုက်ပျိုးနိုင်လေသည်။
အဆင့် ၃ နယ်မြေမြှင့်တင်ဖို့ ဂိမ်းထဲကရွှေပြားတော့ လိုသေးတာပေါ့။ သူကဂိမ်းထဲမှသီးနှံအားလုံးကို လက်တွေ့ဘဝတွင်ထုတ်ရောင်းလိုက်ပြီဖြစ်၍ ဂိမ်းထဲတွင်ရွှေပြားမရှိပေ။
ဖြစ်ချင်တော့ သူ့နေ့တိုင်းမျှားထားသည့်ငါးများရှိသေး၏။
သူက ထိုငါးအားလုံးကို ချက်ချင်းရောင်းပစ်လိုက်သည်။ သူစုဆောင်းထားသည့် အရည်အသွေး ၂ ရှိသဘာဝကကတစ်ငါးများ၊ သဘာဝငါးကြင်းစိမ်းနှင့်ငါးကြင်းနက်များဖြစ်၏။
ထိုငါးများမှာ ပစ္စည်းကောင်းများဖြစ်သဖြင့် သူစုဆောင်းထားခြင်းဖြစ်သည်။
သို့သော် ဒီအတောအတွင်း သူဖမ်းမိထားသည့်ငါးများကိုရောင်းပြီးရထားသော ရွှေပြားများလည်းရှိသေးသည်။ ထိုရွှေပြားများမှာ အဆင့် ၃ မြှင့််တင်ရန်မလုံလောက်ပါချေ။
ကြည့်ရတာ အဆင့်မြင့်လာသည်နှင့်အမျှ ရွှေပြားများပိုလိုအပ်လာသည့်ပုံပင်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကိုကိရိယာများထုတ်စေပြီး နယ်မြေအသစ်များဖွင့်စေလိုက်သည်။
ပေါင်းသင်ခြင်း၊ ကျောက်စရစ်ရှင်းခြင်း၊ သစ်ပင်ခုတ်ခြင်း... အချိန်ယူ၍ နယ်မြေအသစ်(၆)ကွက်ဖွံ့ဖြိုးစေပြီးနောက် ရုံးပတီမျိုးစေ့များချထားလိုက်၏။
ထိုမြေ(၆)ကွက်မှရသောရုံးပတီများကို လက်တွေ့လောကတွင်မရောင်းဘဲ ဂိမ်းထဲတွင်သာရောင်းရန်စီစဉ်ထားသည်။
အရင်ဆုံး အဆင့် ၃ နယ်မြေဖြစ်အောင်မြှင့်တင်ရပေမည်။
နောက်ပြီး နောင်တွင်ဆက်ဖွင့်မည့် မြေကွက်တစ်စိတ်တပိုင်းကိုလည်း ဂိမ်းထဲတွင်ရောင်းချရန် ထိန်းသိမ်းထားရပေမည်။ နောက်ပိုင်းတွင် ဇာတ်ကောင်မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးခြင်းတို့မှာ ရွှေပြားလိုအပ်မည်ဖြစ်သောကြောင့်ပင်။