chapter 9
129 13 0
အခန်း ၉: အဆင့်တက်ခြင်း! အဆင့် ၂ နယ်မြေဖွံ့ဖြိုးခြင်း!
သို့သော်လည်း မန်နေဂျာချန်တစ်လဘယ်လောက်အမြတ်ထွက်သည်မှာ သူ့ကိစ္စမဟုတ်ပေ။ သည်လိုကိစ္စမျိုးက လူ့အဖွဲ့အစည်းအတွင်းမည်သည့်နေရာမဆိုတွေ့နိုင်သည်ပင်။
ဤနေရာမျိုးတွင်ထိုင်နေနိုင်သည့်သူမှာ အကောင်ကြီးကြီးနောက်ခံရှိရမည်။ သို့မဟုတ်ပါက ဤကဲ့သို့နိုင်ငံ့ကွင်းဆက်အဖွဲ့အစည်းတစ်ခု၌ အမြတ်ထုတ်ကာ ထိုင်စားရဲမည်မဟုတ်ပေ။
သူ့ရည်ရွယ်ချက်က ဖရဲသီးရောင်းဖို့သက်သက်ပင်။ သူ့ရည်ရွယ်ချက်အောင်မြင်သရွေ့တော့ အဆင်ပြေသည်လေ။
ထပ်ပြောရလျှင် အဲဒါသူ့အတွက်လည်းအကျိုးရှိသည်။ ပုံမှန်ဆို ဒီလိုမှာယူတာတွေက သီးခြားသတ်မှတ်ထားပြီးသား။ အခုတော့ဖိအားမရှိဘဲကုန်ပို့လွှာဖွင့်ပြီး အော်ဒါရယူနိုင်တော့မည်။
''ရှောင်ချင်... မင်းမှာဖရဲသီးဘယ်လောက်များများရှိလဲ?''
မန်နေဂျာချန်ကသိသိသာသာ ထိုမေးခွန်းကိုစိတ်ဝင်စားနေဟန်ရှိ၏။
ချင်လင်က_ ''မန်နေဂျာချန်... ပထမတစ်သုတ်မှာ အလုံး(၈၀၀)ကျော်ရှိတယ်... တစ်လုံးတစ်လုံးကို (၁၀)ကီလိုဂရမ်ကျော်တယ်... ကျွန်တော်ပြန်ရောက်တာနဲ့ အလုံး(၈၀၀)အရင်ပို့လိုက်မယ်... ညနေပိုင်းကျရင် အလုံး(၄၀၀)ထပ်ပို့ပေးမယ်... နောက်ပိုင်းလည်း တစ်နေ့တစ်နေ့ကို အလုံး(၈၀၀)ထက်မနည်းစေရပါဘူး''ဟု ရှင်းပြလိုက်သည်။
မန်နေဂျာချန်က စိတ်မှန်းနှင့်တွက်ချက်ပြီးနောက် အတော်စိတ်ကျေနပ်သွားလေသည်။ သူကပြုံးလျက်_
''ဟုတ်ပြီ... နေ့တိုင်း မင်းပို့ပြီးတာနဲ့ ငါ့ကိုကုန်ပို့လွှာပို့ပေးပါ... ငါဘဏ္ဍာရေးဌာနကိုရှင်းခိုင်းပေးမယ်''
''ကျေးဇူးတင်ပါတယ် မန်နေဂျာချန်''
မန်နေဂျာချန်နှင့်ဆွေးနွေးကြပြီးနောက် ချင်လင်ပြန်ထွက်လာခဲ့သည်။
ချင်လင်ထားခဲ့သောဖရဲသီးနှစ်လုံးကိုမြင်သည့်အခါ မန်နေဂျာချန်လည်း စိတ်ရွှင်ပျသွားသည်။ သူကထိုဖရဲသီးများကိုခွဲစေပြီး အပြင်ရှိရုံးဝန်ထမ်းများကိုဝေငှပေးလိုက်၏။