chapter 29
120 8 0
အခန်း ၂၉: ထိပ်တန်းအရည်အသွေး ၃! ဒါလုံးဝနာမည်ကျော်လာမှာ!
ချင်လင်က_ ''အမေ ကျွန်တော်က စံအိမ်ပြီးတဲ့အခါကျမှ မိုချင်းကိုအံ့သြသွားအောင်လုပ်မလို့ မိုချင်းမသိစေနဲ့ဦး!''ဟု ရှင်းပြလိုက်သည်။
''မင်းတို့လူငယ်တွေက အံ့သြအောင်လုပ်ရတာ သိပ်ကြိုက်ကြတာပဲ!'' လင်းဖန်က ခေါင်းခါလိုက်သည်။
ဒီညတော့ ချင်လင်သည် အကြွေးများဆပ်ပြီးဖြစ်၍ ပေါ့ပါးနေကာ ထူးထူးခြားခြားအိပ်ကောင်းနေ၏။
နောက်နေ့တွင် ဂိမ်းထဲမှမနက်ပိုင်းမှည့်သော ရုံးပတီသီးများကိုထုတ်ယူ၍ RT ဈေးသို့ပို့လိုက်သည်။ ထို့နောက် အလုပ်သမားစာချုပ်ကိုမိတ္တူဆွဲ၍ စံအိမ်ဆီထွက်လာခဲ့သည်။
စံအိမ်ကားပါကင်ရောက်သော် လုံခြုံရေးယူနီဖောင်းဝတ်ဆင်ထားသည့်ချန်တပေက ရွက်ဖျင်တဲရှေ့ထိုင်ကာ သမ်းနေသည်ကိုတွေ့ရ၏။
သူ့မျက်နှာမှာပင်ပန်းနွမ်းနယ်နေပြီး တစ်ညလုံး သုံးပွင့်ဆိုင်ဇီးပန်းပင်တို့ကိုစောင့်ကြည့်ထားမှန်း သိသာလေသည်။
ရွက်ဖျင်တဲမှာ စံအိမ်အပိုင်ဖြစ်သည်။ ညဘက်တွင် ရွက်ဖျင်တဲထိုးနေပြီး အလွန်သတ္တိကောင်းကြောင်းပြချင်သည့် စုံတွဲတို့မှာရှိစမြဲပင်။
''သူဌေး ရောက်လာပြီလား' ချန်တပေက ချက်ချင်းမတ်တပ်ရပ်ပြီး ချင်လင်ကိုနှုတ်ဆက်လိုက်သည်။
''အရမ်းအလုပ်ကြိုးစားတာပဲ ကျွန်တော်နဲ့အတူ ခန်းမထဲလိုက်ပြီး အလုပ်သမားစာချုပ်လက်မှတ်ထိုးဦး.. ပြီးရင်ပြန်နား' ချင်လင်က တစ်ဖက်လူအား ခေါင်းညိမ့်ပြလိုက်သည်။
''ကောင်းပါပြီ သူဌေး! ချန်တပေကခေါင်းညိမ့်၍ လိုက်လာခဲ့၏။
ခန်းမထဲရောက်သော် ချင်လင်က ကောင်းယောင်ယောင်အား လူအားလုံးခေါ်ခိုင်းပြီး စာချုပ်လက်မှတ်ထိုးစေသည်။
စာချုပ်အရလစာမှာ ထိုသူများ၏ယခင်လစာအတိုင်းပင်။ ဥပမာဆိုရလျှင် ကောင်းယောင်ယောင်က ကော်မရှင်ခ ယွမ် ၃၅၀၀ ကျော်ရ၏။ အရင်က တောတွင်းစွန့်စားခန်းနှင့်မြက်ခင်းလျှောသို့ လာကစားသူဦးရေများလေလေ သူမလစာပိုရလေဖြစ်သည်။