chapter 7
132 16 0
အခန်း ၇: ရှားရှားပါးပါးဖရဲသီးစားရသည့်အရသာ!
ချင်လင်က အရည်အသွေး ၂ ဖရဲသီးများကိုသာယူလိုက်သည်။
ဒီအရည်အသွေး ၂ ရှိတဲ့ဖရဲသီးတွေက တကယ်ပဲလူတွေကိုသွားရည်ယိုအောင်လုပ်နိုင်မလုပ်နိုင်ဆိုတာ သူချက်ချင်းသိချင်နေပြီ။
သူကဖရဲသီးကိုထုတ်လာပြီး ဓားနှင့်ထက်ခြမ်းခွဲလိုက်သည်။ တစ်ခြမ်းကို ရေခဲသေတ္တာထဲထည့်၍
နောက်တစ်ခြမ်းကို အစိတ်ငယ်လေးများစိတ်လိုက်၏။
သူဓားချလိုက်သောအခါ ခွေးနက်က သူ့ဘေးဆောင့်ကြောင့်ထိုင်နေသည်ကိုမြင်ပြီး ချင်လင်လန့်ဖျတ်သွားသည်။ ၄င်းက သူခွဲထားသောဖရဲသီးကိုလှမ်းမျှော်ကြည့်နေ၏။
''သောက်ခွေး... ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတော့တာပဲ... မင်းကိုမင်း လမ်းဘေးခွေးလိုကိုမနေတာ''
ခွေးနက်ကိုမြင်ပြီး ချင်လင်စကားရှာမရဖြစ်သွား၏။
သို့သော်လည်း တစ်နေ့ယွမ်တစ်သောင်းမကရှာနိုင်တော့မှာဆိုတော့ စိတ်ကောင်းလေးကဝင်နေသည်။ သူက ဖရဲသီးတစ်စိတ်ကောက်၍ ခွေးနက်ထံပစ်ပေးလိုက်၏။ ဒီကောင်ကံကောင်းနေသည်ပင်။
သူ့လက်ထဲရှိဖရဲသီးစိတ်ကိုမြည်းကြည့်လိုက်ရာ မျက်လုံးများချက်ချင်းဝင်းလက်သွား၏။
ဒီအရည်အသွေး ၂ ဖရဲသီးတွေက အံ့သြစရာကောင်းလောက်အောင်အရသာရှိတာပဲ။ ပါးစပ်ထဲမှာချိုနေပြီးတော့ အရည်ရွှမ်းတာလေးကပျော်ဝင်သွားသည်။ သကြားလိုချိုပြီး ကပ်စေးစေးနေတာမဟုတ်။ ကျွတ်ဆတ်ဆတ်လေးနဲ့အရည်ရွှမ်းတာဆိုတော့ ပြောစရာကိုမရှိပေ။
ပိုထူးခြားတာက တစ်ကိုက်ကိုက်ပြီးတာနဲ့ ရနံ့လေးက လျှာပေါ်စွဲကျန်ခဲ့သည်။
စားပြီးလျှာပေါ်စွဲကျန်ခြင်း +၂ က ဒီလိုလား?
ဖရဲသီးစားပြီး စားကောင်းသောက်ဖွယ်ဟုခံစားလိုက်ရသလိုပင်။
ဒါလုံးဝ အရည်အသွေး ၁ ထက်ကောင်းတာပဲ။
သူတခြားဘာမှမသိသော်လည်း တက္ကသိုလ်တုန်းက ချမ်းသာသောဒုတိယမျိုးဆက်အတန်းဖော်၏ နိုင်ငံခြားမျိုးအထူးဖရဲသီးကို စားကြည့်ခဲ့ဖူးသည်။ ဖရဲသီးအရသာအလွန်ကောင်းသော်လည်း ယခုဖရဲသီးနှင့်ယှဉ်လျှင် ဘာမှမဆိုင်ပေ။