chapter 35
147 13 5
အခန်း ၃၅: အံ့အားသင့်နေသော ကျောက်မိုချင်း!
စံအိမ်ဝင်ပေါက်မှာ မြို့ထဲနှင့်သဲမြို့တော်သွားလမ်းပေါ်တွင်ရှိသည်။ ဝင်ပေါက်ဝတွင် ဆိုင်းဘုတ်တစ်ခုချိတ်ဆွဲထား၏။ ထိုအပေါ်တွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဓာတ်ပုံရှိသည်။ ကားများဖြတ်သန်းသွားလာရင်း တစ်ချက်ကြည့်ရုံနှင့်မြင်နိုင်ပေသည်။
ဓာတ်ပုံစားခြင်း +၃ အရည်အသွေးကြောင့် ချင်ရန်စတူဒီယိုကရိုက်သောကြော်ငြာဓာတ်ပုံမှာ အနုပညာလက်ရာတစ်ခုနှင့်တူပြီး ထင်မထားလောက်အောင်ဆွဲဆောင်မှုရှိနေ၏။
စံအိမ်ဖွင့်လျှင် ချင်လင်က မည်သည့်ဖန်စီကစားပွဲမှလုပ်မည်မဟုတ်ပေ။ လိုအပ်သည်ဟုမထင်သောကြောင့်ပင်။
စံအိမ်ထဲဝင်ပြီးနောက် ချင်လင်က ခန်းမဆီသို့မောင်းသွားလိုက်သည်။ ယနေ့ဖွင့်ပွဲဖြစ်သည့်အတွက် ကောင်းယောင်ယောင်နှင့်အခြားဝန်ထမ်းများမှာ ပြင်ဆင်နေကြ၏။
ဆရာလင်းကလည်း စားဖိုမှူးဝတ်စုံကိုဝတ်စားထားသည်။ နောက်ဆုံးတော့ သူကစားဖိုမှူးသာဖြစ်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်များထိန်းသိမ်းခြင်းကို ဥယျာဉ်မှူးသုံးဦးအားလွှဲအပ်ထား၏။
''ချန်တပေ... ကားထဲကပစ္စည်းတွေ ခန်းမထဲရွှေ့ဖို့ လူခေါ်လိုက်ပါဦး... ငါအဲဒီအပေါ်မှာ စျေးနှုန်းသတ်မှတ်ထားတယ်... ကောင်းယောင်ယောင်ကို စျေးနှုန်းတွေမှတ်ခိုင်းလိုက်'' ချင်လင်က ကားထဲမှထွက်လာပြီး ချန်တပေကိုညွှန်ကြားလိုက်၏။
''ကောင်းပါပြီ သူဌေး!'' လုံခြုံရေးခေါင်းဆောင်ချန်တပေက သူ့သူဌေးရောက်သည်နှင့် အကူအညီပေးရန် ရှေ့ထွက်လာမြဲပင်။
ရုံးပတီသီး၊စတော်ဘယ်ရီသီးနှင့်ဖရဲသီးများကို ကားပေါ်မှချပြီးနောက် ကောင်းယောင်ယောင်က မိန်းကလေးတချို့နှင့်စားပွဲထိုးများခေါ်လာသည်။
ခန်းမထဲတွင် စင်တချို့အသင့်ရှိ၏။ သူတို့သူဌေးက ပစ္စည်းများသယ်လာပြီး ခရီးသည်များကိုရောင်းချရန်စီစဉ်နေမှန်း သူတို့သိထားကြသည်။
သို့သော် ကောင်းယောင်ယောင်က စျေးနှုန်းကိုမြင်လျှင် မှင်တက်သွားပြီး_ ''သူဌေး... ဒါစျေးမှားတာလား? ဖရဲသီးက တစ်ကတ်တီကို ယွမ် ၁၀၀ တဲ့''