chapter 46
100 6 0
အခန်း ၄၆: ချန်ရှန်းဖေပြန်လာပြီ! ဒီမှာပစ္စည်းကောင်းတွေရှိတယ်!
ချင်လင်က ရုံးပတီသီး၊ ကန်စွန်းဥနှင့်ပန်းပွင့်စိမ်းတို့ကို ဂိမ်းထဲမှထုတ်လိုက်ပြီး စံအိမ်သို့သယ်သွားရန် ကားပေါ်တင်လိုက်သည်။
စတော်ဘယ်ရီနှင့်ဖရဲသီးများကိုမူ နောက်တစ်ခေါက်သယ်ရပေမည်။ သုံးဘီးကားလေးမှာ ကုန်များများမတင်နိုင်။
ထရပ်ကားအပြာဝယ်ချိန်တန်ပြီဟုလည်း တွေးလိုက်သည်။ ထို C1 ထရပ်ကားကိုသူမောင်းနိုင်သည်။
သူတက္ကသိုလ်တုန်းတက်စဉ် ကျောင်းယာဉ်မောင်းသင်တန်းတုန်းက ကျောက်မိုချင်းအတင်းလုပ်ခိုင်းခဲ့သော ယာဉ်မောင်းလိုင်စင်ကိုလည်းသုံးနိုင်သည်။
ထိုအချိန်က သူ့မိသားစုအခြေအနေကြောင့် ကျောက်မိုချင်းက သူ့ယာဉ်မောင်းလိုင်စင်ကြေးကိုပေးခဲ့သည်။ ဤသည်က သူ့ကိုမိန်းကလေးတစ်ယောက်နှင့်အသက်ဆက်နေရသည်ဟု ခံစားရစေသည်။ အလွန်ကြည်နူးဖို့ကောင်း၏။
စံအိမ်ရောက်သောအခါ ခန်းမရှေ့တွင် သီးနှံအမျိုးမျိုးနှင့်ပြည့်နေသောခြင်းများ၊ ပင်လယ်စာများနှင့်ပြည့်နေသောကန်များရောက်နေသည်ကို တွေ့လိုက်ရသည်။
လင်ဖုန်းနှင့်ဝမ်ဝေက ကုန်များကိုသယ်လာပြီးဖြစ်လေသည်။ သူ့ကိုမြင်သော် ရှေ့တိုးလျှောက်လာကြ၏။
''သူဌေးချင်... ရောက်လာပြီလား... မင်းပစ္စည်းတွေစစ်ဖို့စောင့်နေတာ''
''သူဌေးချင်... တစ်ချက်လောက်လာကြည့်ပါဦး... လတ်လတ်ဆတ်ဆတ်တွေဆိုတာ ငါအာမခံတယ်!''
ချင်လင်ကခေါင်းညိမ့်ပြီး သူတို့နှစ်ဦးပို့ထားသော သီးနှံများနှင့်ပင်လယ်စာများစစ်ကြည့်ရန် သွားလိုက်သည်။
သူတို့နှစ်ဦးက သူ့ကိုအချဉ်ကဲ့သို့မဆက်ဆံကြ။
သီးနှံများ၊ ပင်လယ်စာများမှာ ကောင်းပုံရ၏။
သူကချန်တပေကိုလူများခေါ်စေပြီး အလေးချိန်ချိန်ကာ တွက်ချက်ကြည့်စေလိုက်သည်။
သူတို့နှစ်ဦးနှင့်ချုပ်ထားသောစာချုပ်မှာ တစ်ပတ်ချင်းရှင်းရမည်ဖြစ်၏။