chapter 3
178 16 0
အခန်း ၃: ဂိမ်းထဲမှဖရဲသီးများရောင်းခြင်း! ၁
ရုံချန်းစီရင်စုပြည်နယ်တွင် ပုံမှန်အားဖြင့် ဖရဲသီးဝယ်ရန်လမ်းကြောင်းနှစ်ခုရှိသည်။
တစ်နည်းမှာ သစ်သီးလက်ကားစျေးသို့သွားရမည်။ ၄င်းစျေးမှာ ရုံချန်းစီရင်စုပြည်နယ်၏အခြားတစ်ဖက် ကုန်သွယ်ရေးဝန်းနှင့်မနီးမဝေးတွင်ရှိသည်။
နောက်တစ်နည်းမှာ ရွာနီးစပ်ချုပ်ရှိသစ်သီးစိုက်တောင်သူများထံသွား၍ ဝယ်ရမည်ဖြစ်သည်။
ထို့ကြောင့် လက်ကားစျေး(၁.၅)ယွမ်ချင်းတူလျှင်တောင် ဖရဲသီးကပိုအရသာရှိပြီး
အိမ်တိုင်ယာရောက်ပါပို့ပေးမည်ဆိုလျှင် လိုချင်သူမရှိမှာမပူရပေ။
ချင်လင်စာပို့ပြီးပြီးချင်း အဖွဲ့ထဲ လူသုံးယောက်ရောက်လာသည်။
''ဒီတော့ ရှောင်ချင်ပေါ့''
''ရှောင်ချင်က လက်ကားရောင်းနေပြီလား?''
''ဒါဆို ငါလည်းအပျော်လုပ်ရမလား?''
စာပို့သောလူသုံးယောက်ကို ချင်လင်သိသည်။ သူတို့က စျေးအနီးမှာဆိုင်များဖွင့်ထား၏။
ထိုအချိန်အထိ နောက်ထပ်ပေါ်လာသူမရှိတော့မှ ချင်လင်က သူတို့သုံးယောက်နှင့်ဆိုင်မှာတွေ့ရန် စီစဉ်လိုက်သည်။
ထိုအချိန်တွင်_
ချင်လင်စိတ်ထဲမှဂိမ်းက အချက်ပေးသံထွက်လာမှန်းသိလိုက်သည်။ မျိုးစေ့များကို ပထမအကြိမ်ရေလောင်းရမည်ဖြစ်သည်။
သူက ဂိမ်းဇာတ်ကောင်ကိုချက်ချင်းထိန်းချုပ်လိုက်ပြီး ကိရိယာခန်းထဲသွားကာ ရေပုံးတစ်ပုံးဆွဲ၍မြစ်ရေခပ်စေလိုက်သည်။ ထို့နောက် မျိုးစေ့များကိုရေလောင်းလိုက်သည်။
ခဏအကြာ WeChat အဖွဲ့ထဲမှသုံးယောက်သည် မော်တော်ဆိုင်ကယ်လေးများနှင့်ရောက်လာ၏။
လျိုတရှန်း၊ ချန်တဟယ်ဟူသော သတ်လတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦးနှင့် အိုက်ချိုးနီဟူသော
အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။
လျိုတရှန်းက ဝင်လာသည်နှင့်_
''ရှောင်ချင် မင်းရဲ့ဖရဲသီးတွေရော? ငါတစ်ချက်လောက်ကြည့်ချင်လို့!''ဟု ပြောလိုက်သည်။