chapter 57
101 5 0
အခန်း ၅၇: ခေါင်းမာပေမဲ့ နှလုံးသားနူးညံ့တဲ့ယောက္ခမ!
ရုတ်တရက်ဝင်လာသောဖုန်းကြောင့် ကျောက်မိုချင်း၏စိတ်တက်ကြွမှုလွင့်ပါးသွားသည်။
ဤသည်ကိုကျောက်မိုယွင်မြင်လျှင်_ ''မိုချင်း ချင်လင်... ငါမင်းတို့ကိုပို့ပေးမယ်'' ဟုသာဆိုနိုင်တော့၏။
လီကျားဝမ်ကလည်း သူမအခင်ဆုံးသူငယ်ချင်းသုံးယောက်အား_ ''ရှန်ရှန်... ပန်းပင်လယ်ထဲအရင်သွားနှင့်လေ... ငါမိုချင်းကိုအဖော်လိုက်ပေးလိုက်ဦးမယ်''
သူမလည်း သူမယောက္ခမ၏အသံကိုဖုန်းထဲတွင်ကြားလိုက်ရသည်။ အရမ်းစိတ်ဆိုးနေပုံရပြီး တစ်ခုခုဖြစ်တော့မလိုပင်။
ရှန်ရှန်မှာ လျိုဟွာ၏ကောင်မလေးဖြစ်သည်။ သူမနှင့်ကျန်အခင်ဆုံးသူငယ်ချင်းနှစ်ယောက်မှာ ခေါင်းသာညိမ့်ပြနိုင်တော့၏။
''ချင်လင် မိုချင်း... သွားကြစို့!'' ကျောက်မိုယွင်က သူတို့နှစ်ဦးကိုထပ်ခေါ်လိုက်သည်။
သူတို့လေးယောက်သားမှာ ကားပါကင်ရောက်လျှင် BMW 5 Series ကားထဲသို့ဝင်လိုက်ကြ၏။
ကားထဲရောက်သည်နှင့် ကျောက်မိုယွင်ကသတိပေးလိုက်သည်_ ''ချင်လင်... မင်းဘာလို့လျှို့ဝှက်မထားတာလဲ? မင်းကလျိုဟွာကို ငါးဘယ်နားကဖမ်းမိတယ်ဆိုတာ ပြောပြလိုက်တယ်... ငါထင်တယ် အဲကောင်ကအခွင့်အရေးသမား... သူကိုယ်တိုင်သွားဖမ်းချင်နေတာ''
ချင်လင်ကခဏကြောင်သွားပြီးမှ ပြုံးလိုက်ကာ_ ''အဲဒါဆိုလည်း ဖမ်းပါစေပေါ့... သူဖမ်းနိုင်တယ်ဆိုရင် အဲဒါသူ့အရည်အချင်းပဲ''
ဟာသပဲမဟုတ်လား? သူ့ငါးကဂိမ်းထုတ်ကုန်လေ။ သူပြောတဲ့နေရာမှာသာဖမ်းမိတယ်ဆိုရင် ထူးဆန်းနေမှာပေါ့။
''မင်းကတကယ်သတ္တိကောင်းတာပဲ'' ကျောက်မိုယွင်ကခေါင်းယမ်း၍ ဘာမှထပ်မပြောတော့ချေ။
အနည်းဆုံးတော့ ချင်လင်၏သဘောထားကမဆိုးသဖြင့် သူ့ညီမခံစားရမည်မဟုတ်ပေ။ ဒါကြောင့်လည်းသူဌေးက သူ့ကိုကူညီဖို့ဆုံးဖြတ်ခဲ့တာဖြစ်မည်။
လျိုဟွာသာဆိုလျှင် ငါးရောင်းလိုက်ရင်တောင်မှ  သူ့အကျင့်စရိုက်ကြောင့် သူဌေးအရောင်းအဝယ်ပြီးသည်နှင့် ဂရုစိုက်တော့မည်မဟုတ်။