အခန်း ၆၁: ဂိမ်းထုတ်ကုန် အံ့သြဖွယ်သဘာဝပျားရည်!
ချင်လင်နှင့်ချန်တပေမှာ ခန်းမနောက်ကျောရှိကွင်းပြင်ထဲဝင်လာခဲ့သည်။ ဝင်ဝင်ချင်း အရည်အသွေး ၂ ဖရဲသီးမျိုးစေ့များအပင်ပေါက်နေသည်ကိုတွေ့လိုက်ရ၏။
ဤသည်မှာသူ့အတွက် သတင်းကောင်းပင်။
တစ်နည်းအားဖြင့် ဂိမ်းထဲမှမျိုးစေ့များကို အပြင်ထုတ်၍ရနိုင်ပြီ။
နောက်တစ်ခုသူသိရန်လိုသေးသည်မှာ အရည်အသွေး ၂ အစေ့လွတ်ဖရဲမျိုးကို အရည်အသွေး ၂ ဖရဲမျိုးနှင့် စိုက်နိုင်မစိုက်နိုင်ပင်ဖြစ်သည်။
အကယ်၍ အရည်အသွေး ၂ ကိုထိန်းမထားနိုင်လျှင် အရည်အသွေး ၁ ဆိုရင်ရော?
ဒါမှမဟုတ် မျိုးစေ့တစ်စေ့နှစ်စေ့လောက်က ပတ်ဝန်းကျင်အပြောင်းအလဲနှင့်ထိတွေ့ပြီး တကယ့်မြေအစစ်နှင့်သင့်တော်သော အရည်အသွေး ၂ မျိုးစေ့ကိုပျိုးထောင်လို့ရနိုင်မလား?
သူအားလုံးကိုစမ်းကြည့်ရမည်။
ထို့နောက်သူက ရှန်းရွှေလက်ဆောင်ဆန်အကြောင်းတွေးမိသည်နှင့် ချန်တပေအားညွှန်ကြားလိုက်သည်_ ''ဒီနားမှာနောက်ထပ်လယ်ကွက်အသေးလေးလုပ်ပေးထားပါဦး... ပြီးရင်စပါးစိုက်တဲ့မြေအတိုင်း မြေသြဇာကျွေးပေး... ကျွန်တော်သုံးစရာရှိလို့''
မျိုးစေ့မှာတိတိကျကျညွှန်ထားတာက မျိုးပြောင်းနိုင်စွမ်းရှိပြီး ပတ်ဝန်းကျင်နှင့်အလိုက်သင့်ဖြစ်သည်တဲ့။ ဤမျိုးစေ့သာ ရုံချန်းစီရင်စုနယ်မြေနှင့် တကယ်အလိုက်သင့်ဖြစ်လျှင် ရုံချန်းစီရင်စုမှာပဲစိုက်နိုင်ပေမည်။
ဤဆန်မျိုးမှာ ပတ်ဝန်းကျင်အလွန်ရွေးသည်။ နေရာမရွေးမဖြစ်ထွန်းနိုင်။
ထိုအချိန်ရောက်လျှင် ချင်လင်ဆန်ဟုခေါ်ပါက ဝင့်ကြွားလွန်းရာကျမည်ဖြစ်၍ ရုံချန်းဆန်ဟုခေါ်ရပေမည်။
''ကောင်းပါပြီ သူဌေး!'' ချန်တပေကပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်ပို၍မတင်မကျဖြစ်လာလေသည်။ သူဌေးက ဖရဲသီးပင်စိုက်ပြီး အိုးထဲထည့်တယ်။ အခုလယ်ကွက်တောင်လုပ်ခိုင်းနေပြန်ပြီ။ ဆောင်းတွင်းကြီး စပါးစိုက်ဦးမလို့လားမသိ?
YOU ARE READING
Viễn tưởngငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...