chapter 18
118 8 0
အခန်း ၁၈: သူများမဝယ်နိုင်တာ စားသာစား!
ညစာစားပြီးနောက်_
ချင်လင်ကဂိမ်းထဲဝင်ပြီး (၃၁)ကတ်တီရှိသော အရည်အသွေး ၂ ငါးကြင်းစိမ်းကိုယူလိုက်သည်။
အိမ်အလည်သွားသောအခါ လက်ဆောင်တချို့ယူသွားရပေမည်။ ချင်ရန်၏ဖခင်က သွေးတိုးရှိသည်။ ဤအရည်အသွေး ၂ သဘာဝငါးကြင်းစိမ်းက သွေးတိုးကျစေသည့်အာနိသင် -၂ ရှိ၏။
(၃၁)ကတ်တီရှိငါးမှာ ချော်ထွက်နေသောကြောင့် ကိုင်ရတာနည်းနည်းလက်ဝင်သည်။ ချင်လင်က ငါးချည်ကြိုးနှင့်ဖောက်ပြီး ကောက်ဆွဲလိုက်သော်လည်း ငါးကရုန်းကန်နေဆဲ။ ရုန်းကန်အားကောင်းလွန်းသဖြင့် သူ့လက်ထဲမှလွတ်ကျတော့မတတ်ပင်။
ဖြစ်ချင်တော့ ငါးကခဏလူးလွန့်ပြီးသည်နှင့် အားကုန်သွားပြီး ပါးစပ်သာဟနိုင်တော့သည့်အချိန်တွင် ထိန်း၍ရသွားသည်။
ချင်ရန်၏အိမ်မှာ ထိပ်တန်းပညာသင်ဆုရှင်နေအိမ်ဖြစ်သည်။ နေရာကောင်းဖြစ်သော်လည်း မြို့လယ်ခေါင်တော့မဟုတ်ပေ။ ချင်ရန်၏အိမ်ရောက်သောအခါ အထဲ၌လူလေးယောက်ရှိနေ၏။ ချင်ရန်၏မိဘနှစ်ပါး ဦးလေးရွှေ့ကန်းနှင့်အန်တီရွှေ့ကန်း၊ နောက်ပြီး မိန်းမငယ်လေးနှစ်ဦး။
မိန်းကလေးနှစ်ဦးထဲမှတစ်ဦးမှာ ချင်ရန်၏မိန်းကလေးလျောင်လီဖြစ်ပြီး စီရင်စုဆေးရုံမှသူနာပြုတစ်ဦးဖြစ်၏။ 
သူမကဟိုးအရင်ကတည်းက ချင်ရန်နှင့်အတူတူနေခဲ့သူဖြစ်သည်။
တခြားမိန်းကလေးမှာ လျောင်လီ၏အချစ်ဆုံးသူငယ်ချင်း(သို့)ဆွေမျိုးဖြစ်ရမည်။
''ရှောင်လင် ရောက်လာပြီလား?''
ချင်ရွှေ့ကန်းစိတ်ကြည်လင်နေသည်မှာ သိသာသည်။ မည်သို့ဆိုစေ သူ့သားကစေ့စပ်တော့မည်လေ။ ထို့နောက်သူ့အကြည့်က ချင်လင်လက်ထဲမှငါးကြီးဆီရောက်လာ၏။
ထို့အပြင် ချင်လင်အထဲဝင်လိုက်သည်နှင့် အားလုံး၏အကြည့်က ငါးကြင်းစိမ်း(၃၁)ကတ်တီကိုသာစိုက်ကြည့်လိုက်ကြသည်။
သာမန်လူများမှာ ဒီလိုငါးကြင်းစိမ်းကြီးမျိုး မြင်ရခဲသည်ပင်။