chapter 47
95 6 0
အခန်း ၄၇: ငါကအပေါ်ယံသမား! ငါလုံးဝအံအားသင့်သွားပြီ!
မာလဲ့ဝမ်နှင့်ချန်ရှန်းဖေတို့မှာ ထောင့်ချိုးတစ်နေရာရှိတိတ်ဆိတ်သောစားပွဲ၌ အသီးသီးခဏတဖြုတ်ဝင်ထိုင်လိုက်ကြသည်။ ကောင်းယောင်ယောင်က အရည်အသွေး ၂ ဖရဲသီးကိုခွဲပြီး စတော်ဘယ်ရီနှင့်အတူယူလာ၏။
''လူကြီးမင်းချန် လူကြီးမင်းမာ... ဖရဲသီးနဲ့စတော်ဘယ်ရီသီးရပါပြီ'' ကောင်းယောင်ယောင်မျက်နှာမှာ တက်ကြွရွှင်လန်းနေသကဲ့သို့ ချိုသာစွာပြောလိုက်သည်_ ''တခြားဟာတွေကိုလည်း မီးဖိုချောင်ထဲမှာ ပြင်ဆင်ထားပါပြီ''
''ဟုတ်ပြီ!'' ချန်ရှန်းဖေက ခေါင်းညိမ့်ပြီး မာလဲ့ဝမ်ကိုပြောလိုက်၏_ ''လောင်မာ... ဒီဖရဲသီးနဲ့စတော်ဘယ်ရီကိုစားကြည့်စမ်း... အရသာအရမ်းကောင်းတယ်''
သူကပြောပြောဆိုဆိုနှင့် ဖရဲသီးတစ်စိတ်ကောက်ပြီး သူ့ပါးစပ်ထဲထည့်ဝါးလိုက်သည်။
ဤသည်ကို မာလဲ့ဝမ်မြင်လျှင် သူလည်းတစ်စိတ်ကောက်ပြီး တစ်ကိုက်ကိုက်လိုက်၏။ သူ့မျက်လုံးများအရောင်တောက်သွားပြီး_ ''ဒီဖရဲသီးက အရသာရှိလိုက်တာ!''
ဖရဲသီးမှာ အတွေ့ရများသောအသီးအနှံတစ်မျိုးဖြစ်ပြီး သူကဈေးကြီးသောအသီးမျိုးများကိုစားခဲ့ဖူးသည်။ သို့သော် သူ့လက်ထဲကဖရဲသီးကဲ့သို့ အရသာရှိတာမျိုး တစ်ခါမှမစားဖူးချေ။ သူ့စားချင်သောက်ချင်စိတ်ကို နှိုးဆွလိုက်သလိုပင်။ တစ်ကိုက်ကိုက်ပြီးသောအခါ သူ့ပါးစပ်ထဲတွင် ချိုမြိန်သောအရသာစွဲကျန်ခဲ့လေသည်။
မာလဲ့ဝမ်က နောက်ထပ်စတော်ဘယ်ရီကိုကောက်၍ ပါးစပ်ထဲထည့်လိုက်၏။ သူကမနေနိုင်ဘဲ ချီးကျူးလိုက်သည်_ ''လောင်ချန် မင်းပြောတာမှန်တယ်... ငါးတင်မကဘူး တခြားပစ္စည်းကောင်းတွေလည်းတကယ်ရှိတယ်... ဒီလိုအရသာရှိတဲ့ဖရဲသီးနဲ့စတော်ဘယ်ရီသီးတွေလည်းရှိတာပဲ... ငါကအသီးအနှံမျိုးစုံစားဖူးတယ်လို့ထင်ထားတာ... တစ်ကတ်တီကို ဒေါ်လာ ၁၀၀ ပေးရတဲ့ အထူးဖရဲမျိုးတောင်စားဖူးတယ်... ဒါပေမဲ့ ဒီဖရဲသီးနဲ့ဘာမှမဆိုင်ဘူး''
ချန်ရှန်းဖေကပြုံးပြီး_ ''ဒါငါတို့နိုင်ငံကဖရဲသီးတွေက သူများတွေထက်မကောင်းတာမဟုတ်ဘူးလို့ ဆိုလိုတာပဲ... သူတို့လိုမတော်တာပဲရှိတာ... အခုလူတွေအတော်များများက အပြင်ကတင်သွင်းတဲ့အထူးမျိုးတွေကိုပဲ အာရုံစိုက်နေကြတာ... ကိုယ့်ဆီကမျိုးကပိုကောင်းတာကို မသိကြဘူး''