chapter54
68 6 0
အခန်း ၅၄: ချမ်းသာတဲ့ငတုံး! လူရွှင်တော်ကငါပဲ!
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အချင်းချင်းဘာဆိုလိုသည်ကိုနားလည်သွားကြသည်။
''လောင်ချန် ဒီဆန်က... အရင်ကငါတို့ဝယ်ဖူးတဲ့ဆန်ထက်တောင် ပိုကောင်းသေးတယ်ထင်တယ်!'' မာလဲ့ဝမ်က ပါးစပ်အဟောင်းသားဖြစ်သွား၏။
''...'' ချန်ရှန်းဖေက ဘာမှမပြောနိုင်ခင် တခဏဆွံ့အသွားသည်_ ''သူဌေးချင်အလိမ်ခံရဟန်မတူဘူး... အလိမ်ခံရတာ ငါတို့ပဲထင်တယ်... ဒါသာရှန်းရွှေလက်ဆောင်ဆန်အစစ်သာဆိုရင် အရင်ကငါတို့ တစ်ကတ်တီ ယွမ် ၁၀၀၀ ကျော်ပေးရတဲ့ဆန်က အတုပဲ''
မာလဲ့ဝမ်ကပေါက်ကွဲသွား၏_ ''မင်းတို့အားလုံးက ငါတို့ကိုချမ်းသာတာနဲ့ အချဉ်မှတ်နေလား? နံ့သာတစ်ထောင်ပွဲကြည့်စင်က ငါ့ကိုသဘာဝငါးနဲ့အရူးလုပ်ခဲ့တာမလား... အခုဟိုကောင်လီဖေးကပါ ငါတို့ကိုရှန်းရွှေလက်ဆောင်ဆန်နဲ့အရူးလုပ်ပြန်ပြီလား?''
ချန်ရှန်းဖေကမျက်မှောင်ကြုတ်လိုက်ပြီး_ ''ငါတို့ကို ရှန်းရွှေလက်ဆောင်ဆန်အစစ်မစားဖူးဘူးလားလို့ ဘယ်သူမေးဦးမလဲ? လီဖေးကငါတို့အသိုင်းအဝိုင်းကိုချဉ်းကပ်ချင်နေတာ...  ဒါတောင်မှငါတို့ကို အတုအယောင်တွေနဲ့အရူးလုပ်သေးတယ်... နောက်ဆိုသူ့ကိုအရေးမလုပ်နဲ့တော့''
''ဟုတ်တယ်!'' မာလဲ့ဝမ်ကခေါင်းညိမ့်ပြီး ခါးခါးသီးသီးပြောလိုက်သည်_ ''ရှက်ဖို့ကောင်းလိုက်တာ... သူဌေးချင်ကိုလှည့်စားခံရတယ်လို့ပြောလိုက်သေးတယ်''
''...'' ချန်ရှန်းဖေလည်း မတတ်နိုင်တော့။ လူရွှင်တော်ဖြစ်သွားတာသူလို့ဘယ်ထင်လိမ့်မလဲ? ထို့နောက်သူက_ ''သူဌေးချင်ရဲ့ဆန်အိတ်က ကတ်တီ ၅၀ ဟုတ်တယ်မလား?''
ထိုတော့မှမာလဲ့ဝမ်က တုံ့ပြန်တော့သည်။ သူကတစ်ချီတည်းနဲ့ ဒီလိုဆန်မျိုးကတ်တီ ၅၀ ရနိုင်တယ်ပေါ့။ သူဌေးချင်ကိုဆန်ရောင်းလိုက်တဲ့သူက သာမန်တော့မဖြစ်နိုင် ဒါမှမဟုတ်တစ်ဖက်လူကအတုလို့ထင်ပြီး သူဌေးချင်ကိုလှည့်စားဖို့လုပ်လိုက်တာဖြစ်မည်။
သူတို့ကလည်း စပ်စပ်စုစုမလုပ်ချင်ပေ။ ဘာပဲဖြစ်ဖြစ်သူတို့က ဒီဆန်နှင့်အသက်မွေးဝမ်းကြောင်းမလုပ်။ သူတို့ကဧည့်သည်သက်သက်သာလျှင်ဖြစ်သည်။ ဆန်အကြောင်းလည်းစိတ်ပူနေရန်မလိုချေ။