chapter 50
99 9 0
အခန်း ၅၀: ဇာတ်ကောင်အဆင့်တက်ပြန်ပြီ!
ရှန်းရွှေလက်ဆောင်ဆန်!
တဖြည်းဖြည်းညဉ့်နက်လာသည်။
စံအိမ်ထဲတွင် ရွက်ဖျင်တဲငှားပြီး စခန်းချသူစုံတွဲတချို့မှလွဲ၍ ချင်းလင်စံအိမ်ထဲတွင် ဧည့်သည်မရှိတော့ချေ။
ချင်လင်က လျှပ်စစ်ဆိုင်ကယ်ကိုမောင်း၍ ကျောက်မိုချင်းကိုတင်ကာ စံအိမ်အပြင်မောင်းထွက်လာခဲ့သည်။
တရွေ့ရွေ့နှင့် အောက်တိုဘာလလယ်ရောက်ခဲ့ပြီ။ ညဘက်ဆိုင်ကယ်စီးလျှင် နည်းနည်းအေးလာပြီဖြစ်သည်။ ကျောက်မိုချင်းကအေးသလိုခံစားရ၍ ချင်လင်နောက်ကျောကိုမှီကာ တင်းတင်းကြပ်ကြပ်ဖက်လိုက်၏။
''မိုချင်း... ကားအရင်ဝယ်ရအောင်... ဘယ်ကားမျိုးကြိုက်လဲ?'' ချင်လင်လည်း နည်းနည်းအေးသလိုဖြစ်လာသည်။
ခဏအကြာတွင် အမှန်ပင်အေးလာ၏။ လျှပ်စစ်ဆိုင်ကယ်နှင့်အပြင်ထွက်ရသည်မှာ ဒုက္ခခံနေရသလိုပင်။
အရင်က အခြေအနေမပေးခဲ့၍သာ။ အခုတော့ အခြေအနေပေးပြီဖြစ်၍ ကျောက်မိုချင်းကိုထပ်မခံစားရစေချင်ပေ။
''ရှင့်စံအိမ်အကြွေးတွေတောင် မဆပ်ရသေးဘူး... ရှင်က ရွက်လွင့်မယ့်အစီအစဉ်စလုပ်နေပြီ... ပိုက်ဆံလောက်လို့လား? ဘာလို့မကြွေးကျေမှမဝယ်တာလဲ? ကျွန်မတို့ဂုဏ်ရှိဖို့အတွက်တော့ ကားဝယ်ဖို့မလိုပါဘူး'' ကျောက်မိုချင်းကပြန်ပြောလိုက်သည်။ ချင်လင်စံအိမ်လုပ်ငန်းစဖို့ အကြွေးယွမ်သန်းချီတင်ခဲ့တာ သူမသိသည်။ အခုသူက ရွက်လွင့်မည့်အစီအစဉ်လုပ်နေသည်ကလည်း အကုန်အကျများဦးမည်။
ချင်လင်၏စံအိမ်မှာ အရှိန်ရကာစရှိသေး၍ ထိုပိုက်ဆံကိုသုံးပစ်လိမ့်မည်ဟုသာ ထင်ထားသည်။
ချင်လင်က အရင်းအနှီးမလိုဘဲ အရောင်းအဝယ်လုပ်နေသည်ကိုလည်းကောင်း၊ ချင်လင်အကြွေးလုံးဝမရှိသည်ကိုလည်းကောင်း သူမမသိပါချေ။
သို့သော် ထိုစိတ်ရင်းမှန်နှင့်စကားများက ချင်လင်ကိုပျော်ရွှင်စေ၏။ အနှောင့်အယှက်ပေးသောမိန်းမများနှင့်စာလျှင် ကျောက်မိုချင်းမှာ ဘုးရားပေးသောဆုလဒ်တစ်ခုပင်။