အခန်း ၁၅: ခွေးနက်ကိုမွေးစားခြင်း!
မန်နေဂျာချန်အကုန်ထုတ်တော့မည်!စိုးရိမ်ခြင်း၊ မသက်သာခြင်း၊ ပြီးတော့ အကြောက်တရား... ခွေးနက်က စိတ်ပျက်အားငယ်ခြင်းနှင့်ရှောင်ရှားလိုက်ပြီး သူမျက်လုံးများမှာကူကယ်ရာမဲ့နေသည်။
ရုတ်တရက် သူနှင့်ရင်းနှီးသောအနံ့တစ်ခုရလိုက်၏။ ချင်လင်ပြန်လာသည်ကိုမြင်သောအခါ သူ့မျက်လုံးအရောင်တောက်လာသလိုလို။
သူကချင်လင်ကိုဟောင်လိုက်ပြီး စိုးရိမ်တကြီးနှင့်ပြေးလာသည်။
ဤသည်က မြို့တော်စည်းကမ်းထိန်းသိမ်းရေး အရာရှိတွေကို အခွင့်အရေးပေးလိုက်သလိုဖြစ်သွား၏။
သူတို့က ခွေးနက်၏ခေါင်းကိုပိုက်ကွန်နှင့်အုပ်လိုက်ပြီး ကြိုးကိုဆွဲကာ သူ့လည်ပင်းကိုတင်းတင်းချည်လိုက်သည်။''ဝု!'' ခွေးနက်ကထိတ်ထိတ်လန့်လန့်နှင့် ချင်လင်ဆီဟောင်လိုက်ပြီး သူ့မျက်လုံးများတွင်အကြောက်တရားရှိနေသကဲ့သို့ မျှော်လင့်ချက်နှင့်ဆန္ဒများလည်းရှိနေသည်။
မြို့တော်စည်းကမ်းထိန်းသိမ်းရေးအရာရှိက လှောင်အိမ်တစ်ခုနှင့်ရှေ့တိုးလာ၏။ သူတို့လူနည်းစုပေါင်းပြီး ခွေးနက်ကိုထည့်ရန်လုပ်ကြသည်။
ခွေးနက်က ချင်လင်ကိုဆက်ဟောင်နေသည်။ လှောင်အိမ်တံခါးပိတ်လိုက်ချိန်တွင်မူ သူကစိတ်ပျက်လက်ပျက်နှင့်တအီအီသာအော်နေတော့သည်။ သူ့တစ်ကိုယ်လုံးအားကုန်ခမ်းသွားပုံနှင့် ခေါင်းငိုက်စိုက်ပြီးလှဲချလိုက်သည်။
ကြည့်ရတာ လက်လျှော့သွားသည့်ပုံ။ သူ့မျက်လုံးများမှေးမှိန်သွားသော်လည်း ချင်လင်ရှိရာသို့အမှတ်တမဲ့ကြည့်နေပြီး မျက်လုံးထောင့်တွင်မျှော်လင့်ရိပ်သမ်းနေသည့်နှယ်။
ချင်လင်က သူ့အကြည့်ကိုလုံးဝခံစားမိသည်။ ထိုအကြည့်ကြောင့်ပင် သက်ပြင်းချလိုက်ပြီး မြို့တော်စည်းကမ်းထိန်းသိမ်းရေးအရာရှိများထံလျှောက်သွားလိုက်၏။
သူအခုတလော နေ့တိုင်းဒီခွေးနက်ကိုမြင်နေကျဖြစ်နေပြီ။ နောက်ပြီး လက်ရှိသူ့အခြေအနေက ခွေးမမွေးနိုင်တာလည်းမဟုတ်။
![](https://img.wattpad.com/cover/371264484-288-k703737.jpg)
YOU ARE READING
Fantasíaငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...