chapter 30
116 8 0
အခန်း ၃၀: ယွမ်နှစ်သိန်းနှင့်မဝယ်နိုင်! မျက်လှည့်ဆန်သော ဂေဟစနစ် +၃!
မာကိုထွက်လာသောအခါ သူလည်းအံ့သြသွားသည်။ လေးမီတာအရှည်ရှိပြီး အမွှေးတဖွားဖွားနှင့်အလွန်ကြည့်ကောင်းသော သက်တန့်ရောင်သဟဇီဝပန်းပင်က သူ့အကြည့်ကိုချက်ချင်းဖမ်းစားလိုက်၏။
''ဒါ..ဒါက ရှေးဟောင်းအပင် ဟုတ်တယ်မလား? မာကိုက စိုးရိမ်တကြီးနှင့် ရှေ့တိုးစူးစမ်းကြည့်လိုက်၏။
ဒီနယ်ပယ်ထဲကလူဖြစ်သည့်အလျောက် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်၏တန်ဖိုးကို သူကောင်းကောင်းသိ၏။ သက်တန့်ရောင်သဟဇီဝအပင်ဖြစ်ပြီး ပြီးပြည့်စုံအောင် ပြုစုပျိုးထောင်ခြင်းလည်း ခံထားရသည်။ ဤသည်မှာ ရှေးဟောင်းလက်ရွေးစင်အဆင့်အပင်ဖြစ်၏။
တိုင်းပြည်အတွင်း သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရှိသည့် ခရီးသွားနေရာများက ဤအပင်ကို ယွမ်နှစ်သိန်းကျော်ပေးရလျှင်တောင် ဝယ်ချင်ကြမည်ဆိုလျှင် ပိုမည်မထင်။
ဤစံအိမ်၏ပန်းပင်လယ်မှာ နာမည်ကျော်ရုံမက ကမ္ဘာပါကျော်ပေလိမ့်မည်။
ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များနှင့်ယှဉ်လျှင် သူတို့အခြေခံစိုက်ပျိုးရေးမှပို့သော သုံးပွင့်ဆိုင်ဇီးပန်းပွင့်များမှာ သစ်ရွက်စိမ်းလေးတွေမျှသာ။
ချင်လင်ကားပေါ်မှဆင်းလာသည်နှင့် ချန်တပေက လာနှုတ်ဆက်သည်_ ''သူဌေး ဒါက အခြေခံစိုက်ပျိုးရေးက သုံးပွင့်ဆိုင်ဇီးပန်းပင်တွေလာပို့တဲ့ လူကြီးမင်းမာကိုပါ'
''မင်္ဂလာပါ! ချင်လင်က မာကိုကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။
လက်ဆွဲနှုတ်ဆက်ပြီးလျှင် မာကိုကမနေနိုင်ဘဲ သိချင်စိတ်ဖြင့်_ ''သူဌေးချင် ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေက အရမ်းဈေးကြီးမှာပဲနော်? ဒီလိုသုံးပွင့်ဆိုင်ဇီးပင်မျိုးရဖို့ဆို ယွမ်နှစ်သိန်းလောက်သုံးရင်တောင်ရဖို့ခက်တယ်'
''ကျွန်တော့်မိတ်ဆွေက ဈေးလျှော့ပေးတာပါ' ဟု ချင်လင်က အလိုက်သင့်ပြောလိုက်၏။
သို့သော် အရည်အသွေး ၃ ရှိသော ထိုသက်တန့်ရောင် သဟဇီဝသုံးပွင့်ဆိုင်ဇီးပန်းပင်ကို ရှေးဟောင်းအပင်ဟု သူမထင်ထားချေ။