chapter 49
92 5 0
အခန်း ၄၉: ပြန်လည်ညှိနှိုင်းဖို့မဖြစ်နိုင်!
ကျန်းဟန်နှင့်လင်ချွန်းလန်ဝင်လာပြီးနောက် အမျိုးသားဖြစ်သူကျန်းဟန်က_ ''သူဌေးချင်လင်က ဘယ်သူလဲခင်ဗျ?''
''ကျွန်တော်ပါပဲ!'' ချင်လင်က သူတို့နှစ်ဦးကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
ကျန်းဟန်က ချင်လင်ရှေ့သို့ခပ်သုတ်သုတ်လျှောက်လာပြီး_ ''သူဌေးချင်... ကျွန်တော်တို့က အရင်တစ်ခါဖြစ်ခဲ့တဲ့ကိစ္စကိုဆွေးနွေးဖို့ရောက်လာတာပါ... အဲဒီဗီဒီယိုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှားခဲ့ပါတယ်... ကျွန်တော်တို့ကိုခွင့်လွှတ်ပေးနိုင်မယ်မလား''
သို့နှင့်သူက သူ့ဇနီးကိုဆွဲခေါ်လိုက်ပြီး_ ''သူဌေးချင်ကို မြန်မြန်တောင်းပန်လိုက်''
လင်ချွန်းလန်က အလွန်ဂဏှာမငြိမ်ဖြစ်နေပြီး_ ''ကျွန်မတောင်းပန်ပါတယ်... ဒီကိစ္စကိုလွှတ်ပေးလို့ရမလား?''
ချင်လင်က ထိုအမျိုးသမီး၏ဝတ်ကျေတန်းကျေတောင်းပန်ပုံကိုကြည့်ရင်း အဓိပ်ပါယျမရှိသလိုခံစားလိုကျရပွီး_ ''မင်းဒီလိုပြောလိုက်တာနဲ့ ပြီးသွားမယ်ထင်လို့လား? ဒီလောက်လွယ်နေရင် ဥပဒေတွေဘာလို့ထားနေမှာလဲ?''
လင်ချွန်းလန်က ထိုစကားကြားလျှင် စိတ်ဆတ်သွားပြီး_ ''ရှင်ဘာလိုချင်တာလဲ? ကျွန်မတို့က မောင်ဝမ်းကွဲကို ယွမ်နှစ်သိန်းခွဲပေးလိုက်ရပြီးပြီ... ကျွန်မတို့အကြီးကြီးဆုံးရှုံးလိုက်ရပြီး သင်ခန်းစာရခဲ့ပြီးပြီ''
''အဲဒါ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ?'' ချင်လင်က ထိုအမျိုးသမီးကို ဟာသလာလုပ်နေသလိုခံစားလိုက်ရသည်။
လင်ချွန်းလန်က သူမတောင်းပန်သည်ကို ချင်လင်လက်မခံသောကြောင့် ဒေါသတကြီးနှင့်_ ''ရှင်ကဘာသဘောလဲ? ရှင်ငွေညှစ်ချင်တာနဲ့ ရဲခေါ်လိုက်တာမဟုတ်ဘူးလား? ဘယ်လောက်လိုချင်တာလဲ?''
ကျန်းဟန်က သူ့မိန်းမစကားကိုကြားလျှင် ထိတ်လန့်သွားပြီး_ ''သူဌေးချင်... သူပြောချင်တာ ဒီသဘောမဟုတ်ပါဘူး!''
သူတကယ်စိတ်ဆင်းရဲနေပြီ။
အရင်ကသူ တရားဥပဒေနှင့်ပတ်သက်ပြီး ဗဟုသုတနည်းခဲ့သည်။ သူ့ဇနီးကိုစိတ်ထွက်ပေါက်ပေးရန် သူ့ညီဝမ်းကွဲကူညီပေးသည်မှာ ဘာမဟုတ်သည့်ကိစ္စလေးဟုထင်ခဲ့၏။ ဒီလိုတွေဖြစ်လာလိမ့်မည်ဟု ဘယ်ထင်ထားပါ့မလဲ? သူ့ညီဝမ်းကွဲ၏သုံးနှစ်လောက်လုပ်လာခဲ့သောအကောင့်ပင် တားမြစ်ခံလိုက်ရသည်။