အခန်း ၉၆: သတ္တုမြို့တော်မှအစားတလိုင်း!
တစ်ညတာကုန်လွန်သွားသည်။
နောက်တစ်နေ့တွင် ချင်းလင်ဆော့ဂုဏ်သတင်းမှာ တစ်ကျော့ပြန်၍နာမည်ပိုကျော်ကြားလာ၏။
ချွန်းချွန်းဗီဒီယို၏မှတ်ချက်နေရာမှာ လုံးဝလျှံထွက်သွားသည်။ သူမပရိသတ်နှစ်သိန်းနီးနီးကျသွားသောဗီဒီယိုကို တစ်ယောက်ယောက်ကတင်လိုက်၏။ အသက်မဝင်သောပရိသတ်များကိုဖယ်လိုက်လျှင် သွေးအန်လောက်သောဆုံးရှုံးမှုကြီးတစ်ခုပင်ဖြစ်သည်။
ချင်လင်ကမနက်ပိုင်းနိုးလာပြီး ဂိမ်းထဲမှသီးနှံများသိမ်းလိုက်သည်။ ထို့နောက်ဂိုဒေါင်ဆီသွား၍ အားလုံးကိုစံအိမ်သို့ရွှေ့လိုက်၏။
အခုတော့ ဆော့မှာနာမည်ရလာပြီ။ ကောင်းကောင်းအလုပ်ဖြစ်လာလျှင် အကျိုးအမြတ်က အံ့သြစရာဖြစ်လာမည်။ စံအိမ်ချဲ့ထွင်ပြီးသွားလျှင် ခေတ်မီသောခရီးသည်များလည်း ရောက်လာမည်။ အကျိုးအမြတ်မှာ ဂိမ်းထဲတွင်စိုက်သောသီးနှံအပေါ်မှီခိုရန်မလိုတော့ချေ။
နောက်ပြီး ဂိမ်းထဲမှအမျိုးမျိုးသောလျှို့ဝှက်နည်းများ၊ မျိုးစေ့များနှင့်အသုံးအဆောင်များလည်း ရလာနိုင်သည်။
ဆေးဖက်ဝင်ပျားရည်ကိုသိုလှောင်ထားသည်မှလွဲ၍ ဂိမ်းထဲတွင်စိုက်သောသီးနှံအမျိုးအစားကို တဖြည်းဖြည်းချင်းလျှော့ချသွားနိုင်၏။ အချိန်တန်လျှင် အန္တရာယ်ကင်းသောနည်းကိုရွေးချယ်နိုင်ပေသည်။
စီးပွားရေးတွင် ကယ်ပေါက်ရှိစမြဲ။ စာရင်းဇယားချည်းပဲလုပ်နေလျှင် ပြဿနာကြီးဖြစ်သည်။
အရင်ဆုံး စုနိုင်ဆောင်းနိုင်လာသည်နှင့်အမျှ ကယ်ပေါက်များစွာရလာနိုင်သည်။ ထိုအချိန်ရောက်လျှင် သူပိုလွတ်လပ်လာပေလိမ့်မည်။
စန်းပိုထလာစေရန် အရည်အသွေးမြင့်ပစ္စည်းများကိုလည်း ပုံမှန်ထုတ်ယူရမည်။ သည်လိုနှင့် တဖန်လူသိများပြီး ဆွဲဆောင်မှုရှိလာပေမည်။
သိပ်မကြာခင် ချင်လင်က ကျောက်မိုချင်းဒေါသတကြီးနှင့် ခန်းမထဲဝင်လာသည်ကိုတွေ့လိုက်ရသည်_ ''ချင်လင်... ဒီမိန်းမက ဘယ်လိုတောင်အရှက်မရှိတာလဲ?''
YOU ARE READING
Fantasyငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...