chapter 8
137 14 0
အခန်း ၈: အရောင်းစျေးကွက်ချဲ့ထွင်ခြင်း!
ညမြင်ကွင်းလေးလှနေလည်း ဘယ်သူမှုမလဲ?
အရည်အသွေး ၂ ဖရဲသီးများကို တွင်တွင်ကျယ်ကျယ်ထုတ်ပြီး နိုင်ငံခြားအထူးဖရဲမျိုးစျေးနှင့်ယှဉ်ရောင်းရန်မှာ အကြံကောင်းဖြစ်သော်လည်း လောလောလတ်လတ်တွင် အရည်အသွေး ၂ ဖရဲသီးမှာ အနည်းငယ်သာရှိသေးသည်။ သူကိုယ်တိုင်တောင် တစ်လုံးပဲစားရသေးသည်။
ထို့ကြောင့် လက်ရှိစီးပွားရေးကိုသာ အရင်အာရုံစိုက်ရပေမည်။ အနည်းဆုံးတော့ အိမ်ကအကြွေးတွေအရင်ဆပ်ပြီး အိမ်တစ်လုံးဖိုးချေထားလျှင် သူ့အမေအသက်ရှူချောင်လိမ့်မည်။ ပြီးတော့ မိုချင်းကိုအိမ်ခေါ်ပြီး ထင်ထင်ပေါ်ပေါ်နေကြမည်။
ထိုအတွေးနှင့်ချင်လင်က ကျောက်မိုချင်းနောက်သို့လျှောက်ကာ သူမခါးလေးကိုဖက်၍ သူ့လက်များနှင့် ဆော့ကစားနေလိုက်သည်။
''မိုချင်း... ဒီညမပြန်လို့မရဘူးလား?''
ကျောက်မိုချင်းနားမလည်ဘဲနေမလား? သူမက ချွဲတဲတဲအသံနှင့်_
''ဒီညအိမ်မပြန်ရင် ရှင်နဲ့အတူတူရှိနေတယ်ဆိုတာ အမေသိမသွားဘူးလား? အဲကျရင် နားပူနားဆာထပ်လုပ်နေလိမ့်မယ်''
ချင်လင်ကသက်ပြင်းချပြီး_
''အဲဒါဆို ကိုယ်တို့ဘယ်လိုလုပ်ကြမလဲ? အခုတလောထိန်းထားရတာ တော်တော်မလွယ်ဘူး''
''ဟမ်!'' ကျောက်မိုချင်းက သူ့လက်ကိုဖမ်းဆုပ်၍ သက်ပြင်းချလိုက်သည်။
''ကျွန်မနောက်ကျရင် အိမ်ကိုဖုန်းဆက်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့အပြင်မှာစားမယ်လို့ပြောလိုက်မယ်... ကျွန်မ ဒီညမိုးချုပ်မှပြန်ရမလား?''
''ကောင်းတာပေါ့... ကိုယ်အခန်းယူလိုက်ဦးမယ်''
ချင်လင်က သူ့ဖုန်းကိုထုတ်၍လိုင်းပေါ်တက်ကာ အရှေ့ပိုင်းမြို့တော်ဟိုတယ်၏ရေချိုးကန်နှင့်ကုတင်ကြီးပါသောအခန်းကိုယူလိုက်သည်။
ရေချိုးကန်က မကြီး၊ ကုတင်ကိုယူထားသူမရှိ။
လက်ထပ်စာချုပ်ချုပ်ပြီးဖြစ်သော်လည်း သူတို့မှာ လူမသိသူမသိဖုံးကွယ်ပြီးနေနေရသည်။ ဘယ်လွယ်ပါ့မလဲ?
အခန်းချိတ်ပြီးသော် သူ့ပိုက်ဆံအိတ်ကိုထုတ်၍ အထဲတွင်ကျန်နေသော ထီးပေါက်စနှစ်ခုကိုကြည့်လိုက်သည်။ လုံလောက်သေးသည်။