အခန်း ၇၄: တစ်ယောက်တည်းစားခြင်းနှင့် ခေါင်းဆောင်ဖြစ်ခြင်းကွာခြားချက်! ချန်လီ၏တောင်းဆိုမှု!
ချန်လီကချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်_ ''သူဌေးချင်... အလုပ်အကြောင်းဆက်ပြောရအောင်... ထောက်ပံ့ငွေသဘောတူညီချက်က အချက်အလက်တွေကိုကြည့်လိုက်ပါဦး''
ချင်လင်ကခေါင်းညိမ့်၍ ချန်လီဆီမှစာဖိုင်ယူလိုက်သည်။
သဘောတူစာချုပ်သတင်းအချက်အလက်နှင့် နောက်ထပ်နိဒါန်းစာများမှာ စာရွက် ၁၂ ရွက်မကရှည်လျား၏။
အချက်အလက်များကိုတစ်ချက်ကြည့်ပြီးနောက် အဖြေမှာ အရင်ဆွေးနွေးထားသည့်အတိုင်းပင်။ စီရင်စုက စံအိမ်ချဲ့ထွင်ခြင်း၊ သတို့သမီးခန်းနှင့် ဧက ၁၀၀ ကျယ်သောပန်းပင်လယ်လုပ်ရန်ထောက်ပံ့ပေးသည်။ စုစုပေါင်းထောက်ပံ့ငွေမှာ ယွမ် ၂၃ သန်းကျော်၏။
အချိန်ကျလျှင် စံအိမ်အတွက်သီးသန့်ဘဏ်ကတ်လျှောက်ရမည်။ ထောက်ပံ့ငွေကိုထိုကတ်ထဲထည့်၍ စီရင်စုဘဏ္ဍာငွေစာရင်းဌာနမှလူများက အသုံးစရိတ်တိုင်းကိုကြီးကြပ်ကြပေလိမ့်မည်။
လုပ်ငန်းဖွံ့ဖြိုးလာလျှင် လုပ်ငန်းသုံးခုမှဝင်ငွေကို အတိုးမဲ့ပြန်ဆပ်ရမည်။ ထောက်ပံ့ငွေအကျေဆပ်ပြီးလျှင် လုပ်ငန်းအမြတ်ငွေအားလုံးမှာ စံအိမ်ထဲသို့ရောက်မည်ဖြစ်သည်။
ထို့အပြင် နောက်ထပ်ယွမ် ၁၀ သန်းထောက်ပံ့ငွေရှိသေး၏။ ၄င်းထောက်ပံ့ငွေမှာ မြစ်စီးဆင်းရာတောင်ခြေ၌ သဘာဝပန်းခြံဖွံ့ဖြိုးလာစေရန်ဖြစ်သည်။
၄င်းမှာ သူ့စံအိမ်နှင့်မသက်ဆိုင်။ စီရင်စုက ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ စီရင်စု၏တရားဝင်ပိုင်ဆိုင်မှုတစ်ခုလည်းဖြစ်၏။
၄င်းကိုထည့်ထားရခြင်းမှာ စံအိမ်၏ရွက်လွင့်လုပ်ငန်းနှင့်ညှိနှိုင်းလုပ်ဆောင်ရန်ဖြစ်သည်။ စီရင်စုက ထိုလုပ်ငန်းကြောင့် သဘာဝပန်းခြံကိုဖွံ့ဖြိုးစေချင်၏။
ဥပမာအားဖြင့် ခရီးသည်များကိုတောင်ပေါ်ပို့ချင်သည်ဆိုလျှင် အထူးကားတစ်စီးလိုအပ်သည်မဟုတ်ပါလား?
YOU ARE READING
Fantasyငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...