အခန်း ၁၃၁: အရည်အသွေး ၃ ဖရဲသီး! မကြီးလွန်းဘူးလား? ၂
ကားက ရွက်လွင့်သည့်အရှိန်ကိုထိန်းရန်ဆောက်ထားသော ရေကာတာနေရာ ရွက်လွင့်အစမှတ်ဆီ တန်းမောင်းလာခဲ့သည်။ ဆောင်းတွင်းတွင် ရေအရှိန်ကို အတတ်နိုင်ဆုံးငြင်ငြင်သာသာရှိစေရန် အထိန်းကိုတင်းတင်းကြပ်ကြပ်ထားမည်။
ထိုဘေးတွင် ကယပ်လှေ၊ အသက်ကယ်အင်္ကျီ၊ လုံခြုံရေးဦးထုပ်များထားသော အပြင်အဆင်နေရာရှိသည်။ အခုတော့ ဘာမှမရှိသေးဘဲ ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီမှဝန်ထမ်းတချို့သာ အချောသတ်နေကြ၏။
''ဥက္ကဌစွန်း'' ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီမှအမျိုးသားတစ်ဦးက စွန်းမင်ကိုမြင်မြင်ချင်း အပြေးရောက်လာသည်။
စွန်းမင်လည်း မိတ်ဆက်ပေးလိုက်၏_ ''ဒါ စံအိမ်ရဲ့ဥက္ကဌချင်''
''မင်္ဂလာပါ ဥက္ကဌချင်'' ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီမှအမျိုးသားက ချက်ချင်းရိုရိုသေသေနှုတ်ဆက်လိုက်သည်။
ချင်လင်အား တစ်ဖက်လူအား ခေါင်းပြန်ညိမ့်ပြလိုက်၏။
စွန်းမင်ကညွှန်ကြားလိုက်သည်_ ''ငါတို့အသင့်ပြင်ထားတဲ့ ကယက်လှေ အသက်ကယ်အင်္ကျီ လုံခြုံရေးဦးထုပ်တွေထုတ်လာခဲ့... ဥက္ကဌချင်နဲ့ငါကိုယ်တိုင် ရွက်လွင့်ကြည့်မလို့''
ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီမှလူများက ချက်ချင်းပြင်ဆင်လိုက်ကြသည်။
ခဏအကြာ_
ချင်လင်နှင့်စွန်းမင်က အသက်ကယ်အင်္ကျီဝတ်၊ လုံခြုံရေးဦးထုပ်ဆောင်း၊ ကယပ်လှေထဲဝင်ကာ မြစ်ထဲရွက်လွှင့်လိုက်ကြသည်။
မြစ်ရေမှာ ညစ်ညမ်းခြင်းမရှိ။ နှိုင်းစာကြည့်လျှင် ကြည်လင်နေဆဲပင်။ မပြေမပြစ်နေရာများကို ညှိယူထားမှန်းသိသာသည်။ အန္တရာယ်ဖြစ်စေနိုင်သော မမြင်သာသည့်အန္တရာယ်များကိုဖယ်ရှားထား၏။
မြစ်တစ်ဖက်တချက်တွင် အလှစိုက်ပျိုးထားသောအပင်များလည်းရှိပြီး မြင်ကွင်းကောင်းသည်။
စွန်းမင်က မိတ်ဆက်ပေးသည်_ ''ဒီရွက်လွင့်မှုကို ပံ့ပိုးတဲ့အနေနဲ့ စီရင်စုက တောင်ပေါ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပန်းခြံအသေးလေးဆောက်ထားတယ်... ဒီအလှစိုက်ပင်တွေကိုလည်း စီရင်စုကပံ့ပိုးပေးတာပဲ... ဒါနဲ့ ဒီလမ်းတလျှောက်မှာ ဓာတ်ပုံရိုက်ကောင်းတဲ့နေရာတချို့ တမင်ဖန်တီးထားတယ်''
YOU ARE READING
Fantasiငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစားနေစဉ် ဓာတ်လိုက်ခဲ့သည်။ ထို့နောက် သူ့တွင် ဂိမ်းအတွင်းသို့ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုတ်တရက်သိလိုက...