Part - 55

522 54 52
                                    

ရှောင်း‌ကျန့်မှာ မနက်ကျ မထနိုင်တော့။ ရိပေါ်က သူ့ကို လာလာနှိုးရသည်။ အလှပြင်ဖို့ ဆရာက ရောက်နေပြီ။ မဟုတ်ရင် နောက်ကျတော့မှာ။ ဒါပေမယ့် ရှောင်းကျန့်က သူ့ရည်မှန်းချက်နဲ့ နီးလေလေ တွေဝေလေလေပဲ။ ရိပေါ်နဲ့အတူ ညတွေကို ဖြတ်သန်းချင်သေးတယ်။ သူ နောက်ကျသွားပြီ။ စောစောကတည်းက ဒီလိုဖြစ်မယ်မှန်းသိခဲ့ရင် မူမနေပဲ နေ့တိုင်းနေ့တိုင်း လုပ်ခဲ့ရမှာ။ အရင်နေ့တွေက လိမ္မာခဲ့တာကို ရင်ထဲအသည်းထဲက နောင်တရမိတယ်။

ခုမှတော့ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး။ လာမယ့်ဘေး ပြေးတွေ့ရုံပဲ ကျန်တော့တယ်။

ရှောင်းကျန့်ရား.. ရှောင်းကျန့်။ မနေ့ညကနဲ့တင် ကျေနပ်လိုက်ပါတော့။

ရှောင်းကျန့်က အဝတ်အစားလဲပြီး အလှပြင်သည်။ သူ့ချယ်ရီသီးလေးတွေက နီရဲဖူးယောင်နေတော့ မင်္ဂလာဝတ်စုံနှင့် အဆင်မပြေ။ လမ်းလျှောက်လိုက်တိုင်း ပွတ်တိုက်သွားတာ။ ရိပေါ်က သူကုန်းကုန်းကွကွ ဖြစ်နေတာမြင်တော့ ဘာဖြစ်နေလဲ တန်းရိပ်မိသည်။ သို့နှင့် သူ့ကို ရင်ခံဝတ်ခိုင်းပြီး အနောက်မှာ ကြိုးနှင့် ချည်ထားပေးသည်။ ကျောပြင်နုနုက ကြိုးနီနီနှင့် ပနံရလျက်။

အလှပြင်သည့်သူ ရောက်လာချိန်မှာ ရှောင်းကျန့်ကို မြင်တော့ အံ့အားသင့်သွားသည်။ အရမ်း.. ဘယ်လိုပြောရမလဲ။ ယောကျာ်းတယောက်ထက် ပိုချောမောပြီး မိန်းမတယောက်ထက် ပိုလှပတယ်။ မျက်ခုံးမွှေးက ဆွဲစရာ မလိုပဲ နက်မှောင်လို့။ နှုတ်ခမ်းနှစ်လွှာက ဆေးမကူပဲ နီထွေးထွေး။ မျက်နှာချေမလိုပဲ လှပသော မျက်နှာ။ အရောင်မခြယ်ပဲ ရွှန်းလဲ့နေသော မျက်လုံး။ မင်္ဂလာ ဝတ်စုံအနီနဲ့ဆိုတော့ နတ်ဘုရားလေးလားကျလို့။ တကယ်ဆို သူမ လာစရာကို မလိုဘူး!

နောက်ဆုံးမှာတော့ အလှပြင်သူက လိမ်းတယ်ဟု ဆိုရလောက်ရုံ မျက်နှာချေမှုန့်ကို ပါးပါးကြည်ကြည်လေး လိမ်းပေးသည်။ ဘာမှမလိမ်းတာထက်စာရင် သူမ အလှပြင်ပေးပါတယ်ပေါ့။ အမယ်လေး.. နာမည်ပျက်တော့မှာပဲ။ အဲ.. အကြံရပြီ။ ကနုတ်လေးနဲ့ အနီရောင်လေးတွေ နည်းနည်းတို့ပေးလိုက်မယ်။ သူမ ပြင်ပေးပြီးတော့ ရှောင်းကျန့်က နတ်ဆိုးသခင်တပါးလို။ နဂိုလှပမှုမှာ အန္တရာယ်ရှိသည့် အရိပ်အယောင်လေး စွက်ထားတော့ တပ်မက်စွဲလမ်းစရာ။ သူမတောင် ကြည့်ပြီး ခြေမခိုင်မိ။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now