"ရိပေါ်.. မသွားပါနဲ့... ကျန့်ကျန့် အရိုးကျိုးသွားပြီထင်တယ်.. ဝူးဝူး.. မထောက်နိုင်တော့ဘူး ဟင့်..."
ဝမ်ရိပေါ် ခြေလှမ်းတွေ ရပ်သွားသည်။
မျှော်လင့်ချက် ရှိသေးတာပဲ။
"အာ့.."
ရှောင်းကျန့်က ရှိသမျှ အားအင်လေးနှင့် ဘေးနားရှိ ခုံတလုံးကို အားပြုကာ ကြိုးစားထသည်။ ပြီးတော့မှ ခြေထောက် မထောက်နိုင်ချင်ယောင်ဆောင်ပြီး ပစ်လဲပြသည်။
"ဘယ်လိုလုပ်မလဲ.. အား... ဘယ်လို မတ်တပ်ရပ်ရမှာလဲ"
သူက အဲ့လို ထပ်ခါ တလဲလဲပြောပြီး ထဖို့ကြိုးစားသည်။ သို့သော် အကြိမ်ကြိမ် ပြန်လဲကျသည်သာ။ သို့နှင့် မြေခွေးလေးက စငိုတော့သည်။
"ဘယ်လိုလုပ်ရမလဲ.. ဝူးဝူးဝူး... အောက်ပိုင်းသေသွားပြီထင်တယ်.. အရမ်းနာတယ်.. ဒီလို လုပ်မယ့်အစား တခါထဲ သတ်ခဲ့ပါတော့လား.. အား.. နာတယ်.. ဝူး..."
သူငိုနေတာကြားတော့ ဝမ်ရိပေါ်က တကယ်ပြန်လှည့်လာသည်။ ရှောင်းကျန့်သိသားပဲ။ ရိပေါ်က သူ့ကို ချစ်သေးပါတယ်လို့။ သို့နှင့် သူက မာယာတွေ ထပ်ထုတ်သုံးသည်။
"မတ်တက်လည်း မရပ်နိုင်တော့ဘူး.. ဝူးဝူးဝူး.. ခြေထောက်တွေလည်း လှုပ်မရတော့ဘူး.. သေတော့မှာလား မသိဘူး.. ဝူးဝူးဝူး.. ငါ့ကို ဘယ်သူမှ မလိုချင်ကြတော့ဘူး.."
ရိပေါ်က သူ့ကို လှမ်းတွဲပေမယ့် မြေခွေးလေးက တရှုံ့ရှုံ့ငိုနေပြီး မထ။ ရိပေါ် တကယ် စိုးရိမ်လာသည်။ ချိုင်းကနေ ဆွဲထူတော့လည်း နာတယ်ဆိုပြီး အော်ငိုသည်။ နည်းနည်းလေး ထပြီးတာနဲ့ မြေကြီးပေါ် ပြန်လဲသွားပြန်သည်။ ရိပေါ် သူ့ရှေ့လျှောက်သွားပြီး ငုတ်တုတ်ထိုင်ချကာ မျက်ရည်တွေ စိုလူးနေသော မျက်နှာလကို ကြည့်သည်။ အင်း.. လှတုန်းပဲ။ သူ သက်ပြင်းချမိသည်။
"မလှုပ်နဲ့။ ကိုယ်တွဲပေးမယ်"
ရှောင်းကျန့်က အငိုတိတ်သွားပေမယ့် တရှုံ့ရှုံ့ ရှိုက်နေဆဲ။ သူက ရိပေါ်ကို တုန်ယင်နေသော လက်များဖြင့် ဖက်တွယ်လာသည်။ ရိပေါ်က လိုအပ်တာထက် ပိုမထိပဲ ရှောင်းကျန့်ကို ပွေ့ချီလာကာ ကုတင်ပေါ် ချထားပေးသည်။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..